Thiland



ထိုင်း၊ ပါကစ္စတန်တို့မှ ဆန်တန်ချိန် သုံးသိန်း ရောက်ရှိလာမည်ဟု အင်ဒိုနီးရှား အစိုးရ ပြောကြား

ထိုင်း၊ ပါကစ္စတန်တို့မှ ဆန်တန်ချိန် သုံးသိန်း ရောက်ရှိလာမည်ဟု အင်ဒိုနီးရှား အစိုးရ ပြောကြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အင်ဒိုနီးရှားသည် ရမ်ဇာန်လမြတ်နှင့် မုန့် အီဒ် (စမိုင် အီဒ်) မတိုင်မီ ဆန် အရန်သိုလှောင်မှု  အားကောင်းစေရန်အတွက် ထိုင်းနှင့် ပါကစ္စတန်တို့မှ ဆန်တန်ချိန် ၃၀၀,၀၀၀ တင်သွင်းကြောင်း ANTARA သတင်းဌာနက ဖော်ပြသည်။

 

တင်သွင်းသည့် ဆန်များ အင်ဒိုနီးရှားသို့ လာနေသည့် လမ်းခရီးခုလတ်တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း နိုင်ငံတော် ထောက်ပံ့ပို့ဆောင်ရေးနှင့် စားနပ်ရိက္ခာဖြန့်ဖြူးရေး အဖွဲ့အစည်း Bulog ၏ ဥက္ကဋ္ဌ Bayu Krisnamurthi က ပြောကြားသည်။

 

Bulog ၏ သိုလှောင်ရုံများတွင် လက်ရှိ ဆန်တန်ချိန် ၁ ဒသမ ၃ သန်း ကျန်ရှိသည်ကို ထပ်မံဖြည့်တင်းပေးမည် ဖြစ်သည်။

၎င်းအရန်ဆန် သိုလှောင်မှုသည်  အင်ဒိုနီးရှား အစိုးရ၏ ဆန်ထောက်ပံ့မှုနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ထားရှိခြင်း ဖြစ်သည်။ 

 

Bulog သည် ပြည်တွင်းဆန်ထုတ်လုပ်မှုနှင့် ဝယ်လိုအားကို ဂရုတစိုက်ဖြင့် အကဲဖြတ်မှုအပေါ် အခြေခံ၍ ဆန်တင်သွင်းခြင်း ဖြစ်ကြောင်း Krisnamurthi မှ ရှင်းပြသည်။

အင်ဒိုနီးရှားတွင် တစ်ဦးတည်းသော ဆန်တင်သွင်းသူအနေဖြင့် Bulog သည် ဆန်အသစ်ပေါ်သည့် စပါးရိတ်သိမ်းရာသီများနှင့် ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းခြင်းစသည့် အချက်များကို ထည့်သွင်းစဉ်းစားပြီး ဆန်တင်သွင်းမှုကို တဖြည်းဖြည်းနှင့် ဗျူဟာမြောက်စွာ လုပ်ဆောင်ပါသည်။

ပြည်ပမှ ဆန်တင်သွင်းနေသော်လည်း Bulog သည် ပြည်တွင်းဆန်ထုတ်လုပ်မှု တိုးလာတိုင်း ပြည်တွင်းဆန်ကို ဦးစားပေးဝယ်ယူသည်။

Bulog သည် အစိုးရ စားနပ်ရိက္ခာသိုလှောင်မှုကို တာဝန်ယူထားရာ၌  သွင်းကုန်ဆန်များသည်  ပြည်တွင်း အမှန်တကယ် လိုအပ်ချက်များနှင့်ကိုက်ညီပြီး ဈေးနှုန်းတည်ငြိမ်မှုကို မထိခိုက်အောင် လုပ်ဆောင်သည်။ 

Bulog သည် အများပြည်သူအကျိုးစီးပွားအတွက် တာဝန်များကို ထမ်းဆောင်လျက် ရှိသည်။

Bulog သည် လုပ်ငန်းဆောင်ရွက်မှု အဆင့်တိုင်းတွင် Indonesian Audit Board (BPK) ၏ ကြီးကြပ်မှုအောက်တွင်ရှိကြောင်း Krisnamurthi မှ အလေးပေး ပြောကြားခဲ့သည်။

Bulog ၏ ဆန်တင်သွင်းမှုသည် အစိုးရစားနပ်ရိက္ခာအရန်သိုလှောင်မှု ဖူလုံပြည့်ဝစေရေးကိုလည်းဦးတည်သည်ဟု ၎င်းက ပြောကြားသည်။

Bulog သည် နိုင်ငံတော်စားနပ်ရိက္ခာဖူလုံမှုကို ထိန်းသိမ်းရန်နှင့် ပြည်သူများအတွက် ဆန်လုံလောက်စွာရရှိရေးတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါသည်ဟု ၎င်းက ပြောကြားသည်။

 

Source Bernama, Antara


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)