အိန္ဒိယပေါင်းဆန် ပို့ကုန်ခွန် တွက်ချက်ပုံ ပြောင်းလဲသဖြင့် ပြည်ပမှ အဝယ်လျော့ကျ

အိန္ဒိယပေါင်းဆန် ပို့ကုန်ခွန် တွက်ချက်ပုံ ပြောင်းလဲသဖြင့် ပြည်ပမှ အဝယ်လျော့ကျ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယ ပေါင်းဆန် တင်ပို့မှုအပေါ် ပို့ကုန်ခွန် ၂၀% စည်းကြပ်ခြင်းကြောင့် ဈေးမြင့်တက်သဖြင့် အဝယ်နှေးနေသော်လည်း ထိုင်းနိုင်ငံ၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့ကဲ့သို့ဆန်တင်ပို့သည့်နိုင်ငံများထက် ဈေးသက်သာနေဆဲ ဖြစ်သဖြင့် တစ်လလျှင် မက်ထရစ်တန် တန်ချိန် ၅ သိန်း ဝန်းကျင် တင်ပို့နေရဆဲ ဖြစ်သည်။ 

 

အိန္ဒိယသည် ပေါင်းဆန်ကို ဘီနင်၊ ဂျီဘူတီ၊ ဂီနီ၊ လိုက်ဘေးရီးယားနှင့် တိုဂိုကဲ့သို့သော အာဖရိကနိုင်ငံများထံ အဓိကအားဖြင့် တင်ပို့သည်။

 

ယခုအခါ ကောက်ခွန်ဌာနက ပို့ကုန်ခွန် ၂၀% ကို တွက်ချက်သည့်နည်းလမ်း ပြောင်းလဲပြီးနောက် ပေါင်းဆန် တင်ပို့မှုအတွက် အရောင်းအဝယ်စာချုပ်အသစ် အနည်းငယ်ကိုသာ အိန္ဒိယကုန်သည်များ ချုပ်ဆိုကြရတော့သည်။

ဆန် ကမ္ဘာ့အများဆုံး တင်ပို့သည့် အိန္ဒိယနိုင်ငံသည် ၂၀၂၄ ခုနှစ် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများ မတိုင်မီ ပြည်တွင်းဆန်ဈေး မြင့်မတက်အောင် ထိန်းချုပ်ရန် ဆန်ဖြူတင်ပို့မှုကို တားမြစ်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင်ပေါင်းဆန် တင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်း ပြဋ္ဌာန်းခဲ့သည်။

ယခုအခါ ၂၀%ကို တွက်ချက်ပုံ ပြောင်းလဲလိုက်သဖြင့် ပြည်ပသို့ ဆန်ရောင်းချရာတွင် ဝယ်သူနှင့် ရောင်းသူကြား ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေစေသည်ဟု ဆန်တင်ပို့သူများအသင်း ဥက္ကဋ္ဌ Krishna Rao က ပြောသည်။

 

"အရင်တုန်းက Free on Board (FOB) တန်ဖိုးရဲ့ ၂၀% အခွန်ဆောင်ခိုင်းတယ်။ ယခုအခါ အကောက်ခွန်က အရောင်းအဝယ်တန်ဖိုးအပေါ် ၂၀% အခွန်ဆောင်ခိုင်းပါတယ်"ဟု ၎င်းက ပြောကြားသည်။ အရောင်းအဝယ်တန်ဖိုးသည် ဆန်ဖိုးအပြင် ဝယ်ယူသူဘက်မှ ကျခံရန် သဘောတူခားသည့် အခြားစရိတ်စကများကိုပါ ထည့်တွက်ထားသဖြင့် FOB တန်ဖိုးထက် ပိုများသည်။ သို့ဖြစ် အခွန် ၂၀% ပမာဏ ပိုများသည်။

ပို့ကုန်လုပ်ငန်းရှင်များအဖို့ အခွန်သည်ကုန်ကျစရိတ်တမျိုး ဖြစ်သဖြင့် တွက်နည်းအသစ်ကြောင့် ကုန်ကျစရိတ် ပိုမိုမြင့်မားစေသည်။

 

ပို့ကုန်လုပ်ငန်းရှင်များသည် ယခုအပတ်တွင်  ၅ ရာခိုင်နှုန်း ဆန်ကွဲပါ ပေါင်းဆန် တစ်မက်ထရစ်တန်ကို အကောက်ခွန် မပါဝင်သည့် ခေါ်ဈေး ကန်ဒေါ်လာ ၄၅၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းထားသည်။ အကယ်၍ အကောက်ခွန် ထည့်တွက်လျှင် ကန်ဒေါ်လာ ၅၆၀ ဖြင့် စံချိန်တင် အမြင့်ဈေးဖြင့် ကမ်းလှမ်းကြသည်။ တနည်းဆိုရသော် FOB တန်ဖိုးထက် ၂၄ ရာခိုင်နှုန်း အပိုဆောင်းပြီး ဈေးနှုန်း သတ်မှတ်ထားကြခြင်း ဖြစ်သည်။ 

 

အရောင်းအဝယ် စာချုပ် ချုပ်ဆိုပြီးသား ဖြစ်နေသော ကုန်သည်များသည် စာချုပ်အရ ဆန်တင်ပို့သည့်အခါ အခွန်ကို ပိုမိုပေးဆောင်ကြရသည်။ 

"ဝယ်ယူသူတွေက ထပ်တိုးသွားတဲ့ အခွန်ကို မပေးချင်ကြဘူး။ ဒီတော့ ဆန်တင်ပို့တဲ့ ကုန်သည်တွေက ပေးဆောင်ကြရတယ်။ အခု စာချုပ်အသစ်တွေ ချုပ်တဲ့အခါ ဝယ်ယူသူတွေကို ကျွန်တော်တို့က ဈေးအမြင့်ဖြင့်သာ ပေးပြီး ဝယ်ဖို့ ပြောကြရတယ်။ ဒါပေမဲ့ သူတို့က မပေးချင်ကြဘူး။ ဒီတော့ အရောင်းအဝယ်စာချုပ်အသစ် အနည်းအကျဉ်းပဲ ချုပ်ဖြစ်ကြတယ်" ဟု ကုန်သည်တဦးက ပြောကြားသည်။ 

 

ဝယ်သူနှင့် ရောင်းသူကြား ရှုပ်ထွေးမှုများ ပပျောက်စေရန် အစိုးရက ပေါင်းဆန် တင်ပို့မှုတွင် တစ်တန်လျှင် ဒေါ်လာ ၁၀၀ ခန့် ပုံသေနှုန်းထားဖြင့် အခွန်စည်းကြပ်သင့်သည်ဟု ဆန်တင်ပို့သူများက တောင်းဆိုကြပါသည်။ 

 

Source Business Standards


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)