ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်းညွှန်းကိန်း ဖေဖော်ဝါရီတွင် ပြောင်းဆံ ဈေးကျသဖြင့် ခုနစ်လဆက်တိုက် ကျဆင်းခဲ့

ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်းညွှန်းကိန်း ဖေဖော်ဝါရီတွင် ပြောင်းဆံ ဈေးကျသဖြင့် ခုနစ်လဆက်တိုက် ကျဆင်းခဲ့

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ Food and Agriculture Organization FAO ၏ ကမ္ဘာ့စျေးနှုန်းညွှန်းကိန်းသည် ဖေဖော်ဝါရီတွင် ခုနစ်လဆက်တိုက်အဖြစ် ကျဆင်းခဲ့သည်။

.

သကြားနှင့် အသားများ ဈေးနှုန်း မြင့်တက်မှုထက် အဓိက နှံစားသီးနှံအားလုံး စျေးနှုန်းများ ပိုမိုနိမ့်ကျခြင်းကြောင့် ခြုံငုံရလဒ် ကျဆင်းသည်။

.

 ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအများဆုံး စားသောက်ကုန်များ၏ ဈေးနှုန်းများကို မှတ်တမ်းပြုစုသည့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ဈေးနှုန်းအညွှန်းကိန်းသည် ဖေဖော်ဝါရီလတွင် ပျမ်းမျှ ၁၁၇.၃ ရှိသည်။ ယခင် ဇန်နဝါရီလတွင် ၁၁၈.၂ ရှိခဲ့သည်။

.

ဖေဖော်ဝါရီလ ဈေးနှုန်းအညွှန်းကိန်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အနိမ့်ဆုံးဖြစ်သည်။

.

နှံစားသီးနှံ ဈေးနှုန်းအညွှန်းကိန်းသည် ဖေဖော်ဝါရီတွင် ယခင်လထက်  ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၂ ဒသမ ၃ ရာခိုင်နှုန်းတွင် ရပ်တည်နေသည်။

ယူကရိန်းက နှံစားသီးနှံကို ဈေးချပြီး ရောင်းချနေခြင်း၊ တောင်အမေရိကတွင် ပြောင်းအထွက်နှုန်း ကြီးမားမည်ဟု မျှော်မှန်းထားခြင်းတို့ကြောင့် ဈေးနှုန်းများ ကျဆင်းသည်။ ပြောင်းဈေး ကျဆင်းခြင်းကြောင့် နှံစားသီးနှံများ၏ ပျမ်းမျှဈေးနှုန်း လျော့ကျသည်။

.

ဟင်းသီးဟင်းရွက်ဆီဈေးနှုန်းသည် ဖေဖော်ဝါရီလမှာ ဇန်နဝါရီလထက် ၁.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ၁၁% တွင် ရပ်တည်နေသည်။

တောင်အမေရိကထံမှ အလျှံပယ် ရရှိမည်ဟု မျှော်မှန်းချက်ကြောင့် ဈေးနှုန်းများ ကျဆင်းသည်။ မုံညှင်းဆီ၊ နေကြာဆီ ဈေးနှုန်းများကိုပါ ဆွဲချသဖြင့် ၎င်းဆီများ ဈေးနှုန်း ကျဆင်းသည်။ 

 

သကြားဈေးနှုန်း အညွှန်းကိန်းသည်ဖေဖော်ဝါရီလမှာ ဇန်နဝါရီလထက် ၃.၂% မြင့်တက်သည်။ ထိုင်းနှင့် အိန္ဒိယ ပြည်ပသို့ သကြားတင်ပို့မှု လျော့ကျလိမ့်မည်ဟု ခန့်မှန်းသဖြင့် သကြား ဈေးတက်သည်။ 

.

FAO က ဘရာဇီး၊ တရုတ်နှင့် အမေရိကန်တို့တွင် ပြောင်းများ ပိုမိုထွက်ရှိမည်ဟု ခန့်မှန်းထားသည်။

.

မြောက်အမေရိကနှင့် ဂျုံထိပ်တန်းတင်ပို့သူ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ အီရန်၊ ပါကစ္စတန်နှင့် တူရကီတို့တွင် ဂျုံ ပိုမိုထွက်ရှိမည်ဟု ခန့်မှန်းထားသည်။

 

photo_2024-03-10_14-47-47.jpg

photo_2024-03-10_14-47-43.jpg

photo_2024-03-10_14-47-33.jpg

 

Source FAO


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Sunday, 10 March 2024 14:49
Rate this item
(0 votes)