လျှပ်စစ်နှင့် စက်ပစ္စည်းအပါအဝင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပြပွဲ ကျင်းပ ပြုလုပ်မည်

လျှပ်စစ်နှင့် စက်ပစ္စည်းပြပွဲပါ ပါဝင်မည့် စိုက်ပျိုးမွေးမြူရေး၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့် ကဖေးပြပွဲကို လာမည့် ဇွန်လ (၂၈) ရက်မှ (၃၀) ရက်ထိ ရန်ကုန်ကွန်ဗန်းရှင်းစင်တာ - YCC Yangon Convention Centre တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပြပွဲကို Silver Sea Journal ( ငွေပင်လယ်ဂျာနယ် ) မှ ကြီးမှူး ကျင်းပခြင်း ဖြစ်ပြီး ပြပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ စိုက်ပျိူးရေးနှင့် မွေးမြူရေးမှ အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ အသိပညာများ ရရှိနိုင်ခြင်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ကဖေးဆိုင်များအတွက် အကျိုးကျေးဇူးများ ရရှိနိုင်ခြင်းအတွက် ဖြစ်သည်ဟု ဆိုသည်။

 

မြန်မာနိုင်ငံ၏ စားသောက်ကုန်လုပ်ငန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေး ထိုမှတဆင့် စက်ရုံအလုပ်ရုံနှင့် ပွဲရုံများသို့ ရောက်ရှိကာ ကုန်ချောအဖြစ် ပြန်လည် ရောင်းချခြင်း ဖြစ်ပြီး အဆင့်ဆင့်တိုင်းတွင် လျှပ်စစ် လိုအပ်သည့်အတွက် ယခုကဲ့သို့ တစ်ပါတည်း ချိတ်ဆက် ပြသခြင်း ဖြစ်ကြောင်း သိရသည်။

 

ယခုပြပွဲသည် (၈) ကြိမ်မြောက် ဖြစ်ပြီး Agritech Myanmar 2024 ( International Agriculture, Livestock and Fishery Show in Myanmar ) ပြပွဲကို ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက် လေ့လာနိုင်မည် ဖြစ်သည်။

 

ပြီးခဲ့သည့် မတ်လအတွင်းကလည်း မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်အတွက် လျှပ်စစ်နှင့် ပြန်ပြည့်မြဲစွမ်းအင်ပြပွဲ Myanmar Electrical Power & Green Energy Expo 2024 ကို မတ်လ (၂၉) ရက်မှ (၃၁) ရက်အထိ YCC တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

Read times
Rate this item
(0 votes)