Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ခံတွင်းမြိန်စေမယ့် အုန်းနို့ ကြက်ကြော်

ကြက်သားကို ဒီအတိုင်းချည်းစားရတာ ရိုးအီသွားသူများအတွက် အုန်းနို့ကြက်ကြော်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ လုပ်ရတာလည်း အလွန်လွယ်ကူတဲ့အတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ကြက်ပေါင်သား၊ အုန်းနို့၊ အုန်းနို့မှုန့်၊ ဂျုံမှုန့်၊ ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်ပွခြောက်၊ ငရုတ်သီးနီ၊ ငါးငံပြာရည်၊ ကြက်သားမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ နနွင်းမှုန့်၊ ဆီ တို့လိုအပ်ပါမယ်။

 

 

ဆော့စ်အတွက် ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ငါးငံပြာရည်၊ သံပရာရည်၊ သကြား၊ ရှာလကာရည်၊ ပူစီနံရွက်တို့ လိုအပ်ပါမယ်။

 

 

ပထမဦးဆုံး ငရုတ်ပွခြောက်၊ ငရုတ်သီးအနီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ကြေညက်အောင် ရောကြိတ်၍ ချင်းနှင့် စပါးလင်တို့ကို သီးခြားခွဲ၍ကြိတ်ထားပါ။

 

 

ပြီးလျှင် ကြက်ပေါင်သားကို ရေဆေးသန့်စင်ပြီးရင် အသင့်ကြိတ်ထားသော ငရုတ်သီးအနှစ်၊ ချင်းနဲ့ စပါးလင်၊ ငါးငံပြာရည်၊ နနွင်းမှုန့်၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ အုန်းနို့တို့နှင့် ရောနယ်ပြီး နာရီဝက်ခန့် နှပ်ထားပေးပါ။

 

 

ပြီးနောက် ဆော့စ်အတွက် ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ပဲငံပြာရည်၊ ငါးငံပြာရည်၊ ရေချက်အေး၊ ရှာလကာရည်၊ သကြား၊ သံပရာရည် ရောထည့်ပြီး ပူစီနံရွက်ထည့် ၍ ပြင်ဆင်ထားပါ။

 

 

ပြီးရင်တော့ ဆီကို ဒယ်အိုးထဲထည့်၍ မီးပူပေးပြီး ဆီပူလာလျှင် နှပ်ထားသော ကြက်ပေါင်သားကို အုန်းနို့မှုန့်နှင့် ဂျုံမှုန့်အနည်းငယ်ကပ်၍ ဆီမြုပ်သည်အထိ အကြွပ်ကြော်ထားပေးပါ။

 

 

ကြက်သား နီညိုရောင်သန်းလာလျှင် အသင့်ပြင်ဆင်ထားသော ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်ဆော့စ်နှင့် တွဲဖက်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

 

Read times Last modified on Tuesday, 18 September 2018 10:30
Rate this item
(1 Vote)