Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံမှ ပြည်ပသို့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏမြင့်တက်လျက်ရှိ

တရုတ်နိုင်ငံမှ ပြည်ပသို့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏမြင့်တက်လျက်ရှိ Google

တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ

၂၀၂၀ ပြည့်နှစ်၊ ပထမ (၁၀)လတာကာလ အတွင်း၌ တရုတ်နိုင်ငံမှ ပြင်ပနိုင်ငံများသို့သွားရောက်၍ ငွေကြေးမဟုတ်သည့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ တည်ငြိမ်စွာ ဆက်လက် တိုးတက် လျက်ရှိပါသည်။

 

အဆိုပါကာလအတွင်း၌ တရုတ်နိုင်ငံအနေဖြင့်နိုင်ငံနှင့် ဒေသပေါင်း (၁၆၄)နိုင်ငံ၌ ငွေကြေးမဟုတ်သည့် တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၉၀.၄၆) ဘီလီယံရှိသည့်အတွက် ပြီးခဲ့သည့်နှစ် ကာလတူထက် (၅.၉) ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၊ ပထမ(၉)လတာကာလအတွင်း၌ ငွေကြေးမဟုတ်သည့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့် နှစ်ထက် (၃.၈) ရာခိုင် နှုန်းသာ မြင့်တက်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း၌ တရုတ်နိုင်ငံ၏ ငွေကြေးမဟုတ်သည့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏသည် တရုတ်ယွမ်ငွေ (၆၆.၉၅) ဘီလီယံရှိသည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၂၈) ရာခိုင်နှုန်းမြင့်တက် ခဲ့သည်ဟု သိရသည်။

 

၂၀၂၀ ပြည့်နှစ်၊ ပထမ (၁၀)လတာကာလအတွင်း၌ တရုတ်ကုမ္ပဏီများအနေဖြင့် ရပ်ဝန်း နှင့်ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုစီမံကိန်း၌ ပါဝင်လျက် ရှိသည့်နိုင်ငံများ၌ သွားရောက်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လုပ်ဆောင်ခဲ့ပြီး နိုင်ငံပေါင်း (၅၆)နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ (၁၁.၄၆) ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံခဲ့သည့်အတွက် အဆိုပါပမာဏသည် တရုတ်နိုင်ငံမှ ပြည်ပနိုင်ငံများသို့သွားရောက် ရင်းနှီး မြှုပ်နှံသည့် ငွေကြေးမဟုတ်သောတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းပမာဏ၏ (၁၂.၇) ရာခိုင်နှုန်း ပါဝင်လျက်ရှိသည်။

 

ငွေကြေးမဟုတ်သည့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးတက်လျက်ရှိပြီး အဓိကရင်းနှီးမြှုပ်နှံလျက်ရှိသည့် ကဏ္ဍများမှာဌားရမ်းခြင်း၊ ဝန်ဆောင်မှုလုပ်ငန်း များ၊ ထုတ်လုပ်ခြင်း၊ လက်လီလက်ကား ရောင်းချခြင်းတို့ဖြစ်ကြောင်းလည်း သိရှိရပါသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)