Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်ခေါက်ကင်ပြုလုပ်နည်း

ဝက်ခေါက်ကင်ကို ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ မိမိအိမ်တွင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ၀က်ခေါက်ကင်ပြုလုပ်နည်းအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ၀က်သားသုံးထပ်သား၊ ပဲငံပြာရည်၊ ပျားရည်၊ ငရုတ်သီးအနှစ်၊ သကြား၊ နှမ်းဆီ တို့လိုအပ်ပါတယ်။

 

 

ပထမဦးဆုံး ၀က်သားသုံးထပ်သားကို အရွယ်တော် အတုံးများတုံး၊ ရေသန့်စင်အောင်ဆေးကြောပေးပါ။

 


ပြီးနောက် ပန်းကန်လုံးတစ်ခုထဲ ပဲငံပြာရည်၊ ပျားရည်၊ သကြား၊ ငရုတ်သီးနှစ်၊ နှမ်းဆီတို့ကို သမအောင် ရောမွှေပေးပါ။

 


ပြီးလျှင် ဆော့ရည်ကို ၀က်သားသုံးထပ်သားပေါ်သို့ လောင်းချလိုက်ပြီး ရေခဲသေတ္တာအောက်ထပ်တွင် အနည်းဆုံး သုံးနာရီလောက် နှပ်ထားပေးပါ။

 


နှပ်ထားပြီးပြီဆိုလျှင် ၀က်သားသုံးထပ်သားကို ၁၈၀ ဒီဂရီဖြင့် တစ်ဖက်ကို မိနစ် ဆယ့်ငါးမိနစ်ကျော်ဖြင့် နာရီဝက်ကျော် ကင်ပေးပါ။ ကင်နေစဉ်အတွင်း ဆယ်မိနစ်ခြားတစ်ခါ နှပ်ထားတဲ့ ဆော့ရည်များ သုပ်လိမ်းပေးပါ။

 


ဝက်ခေါက်ကင်ရပြီဆိုလျှင် အချဉ်ရည်နှင့် တွဲ၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 10:27
Rate this item
(3 votes)