Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ ပြောင်းဆန်တင်ပို့မည့် EOI Form စာရင်းတင်သွင်းလာသည့် ကုမ္ပဏီ ၁၄၀ ကျော်ရှိ

တရုတ်နိုင်ငံသို့ ပြောင်းဆန်တင်ပို့မည့် EOI Form စာရင်းတင်သွင်းလာသည့် ကုမ္ပဏီ ၁၄၀ ကျော်ရှိ

 

တရုတ်နိုင်ငံသို့ ပြောင်းဆန်တင်ပို့မည့် ကုမ္ပဏီများ စိစစ်မှတ်ပုံတင်ခြင်းဆိုင်ရာ စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI Form) စာရင်းတင်သွင်းလာသည့် ကုမ္ပဏီ ၁၄၀ ကျော်ရှိကြောင်း  မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာဖြိုးကိုကိုနိုင်က ဆင်ဟွာသို့ ယနေ့ မေ ၁၈ ရက်တွင်ပြောသည်။

ဒေါက်တာဖြိုးကိုကိုနိုင်က “EOI Form စာရင်းတင်သွင်းလာတဲ့ ကုမ္ပဏီတွေကို စားသုံးသူရေးရာဦးစီးဌာန နဲ့ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနဲ့ စမ်းသပ်မှုလုပ်ငန်းလီမီတက် MITS က တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေး ခြင်းတွေကို လုပ်ဆောင်နေပါတယ်’’ ဟုပြောသည်။

ယင်းသို့စစ်ဆေး၍ ရရှိလာသော သုံးသပ်ချက်နှင့် ရလဒ်အဖြေများအား စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တို့မှ အတွင်းဝန်များ ပါဝင်သော ကြီးကြပ်ရေးအဖွဲ့ကထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း၎င်းကဆိုသည်။

“တရုတ်နိုင်ငံဘက်ကိုလမ်းကြောင်း ပွင့်သွားရင် လုပ်ငန်းရှင်တွေအနေနဲ့ logistic ပိုင်းမှာ အများကြီးသက်သာသွားမှာပါ။ အရည်အသွေးစစ်ဆေးပြီး အောင်တဲ့ ကုမ္ပဏီတွေက တရုတ်နိုင်ငံကို တင်ပို့ခွင့်ရမှာပါ။ပြောင်းဈေးကွက်က လက်ရှိမှာတော့ အတက်ဘက်မှာ ရှိနေပါတယ်။’’ ဟု၎င်းကဆက်ပြောသည်။

ဇူလိုင်လ နှင့် သြဂုတ်လတို့တွင်တရုတ်နိုင်ငံသို့ ပြောင်းဆန်များ စတင် တင်ပို့ခွင့်ရရှိနိုင်မည်ဟုခန့်မှန်းထားကြောင်း ၎င်းကဆိုသည်။ 

 

 (Xinhua)

 

မြန်မာ့ပြောင်းဖူးများ တရုတ်နိုင်ငံသို့တင်ပို့ရောင်းချသည့်အတွက် တရုတ်မြန်မာနှစ်နိုင်ငံ Plant Quarantine Protocol လက်မှတ်ရေးထိုး

 

တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် မြန်မာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် မြန်မာ့ပြောင်းဖူးများ တရုတ်နိုင်ငံသို့တင်ပို့ရောင်းချသည့်အတွက် တရုတ်မြန်မာနှစ်နိုင်ငံ Plant Quarantine Protocol လက်မှတ်ရေးထိုးခဲ့ကြသည်။ 

 မြန်မာ့ပြောင်းဖူးများ တရုတ်ဈေးကွက်သို့ ဝင်ရောက်နိုင်ပြီး  ပင်လယ်ရေကြောင်းနဲ့ နယ်စပ်လမ်းကြောင်းတို့မှ တရားဝင် တင်ပို့ရောင်းချနိုင်မည် ဖြစ်သည်။

 

 ပဲပုပ်၊ ပီလောပီနံနှင့် ကန်စွန်းဥအတွက် ညှိနှိုင်းမှု ပြုလုပ်နေဆဲ ဖြစ်ပါသည်။

 

၂ဝ၂၂ ခုနှစ်၊ ဧပြီလ ပြောင်းတင်ပို့မှု

 

 ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ပထမဆုံးလတွင် ဖောက်သည် ဈေးကွက်နိုင်ငံ လေးခုသို့ ပြောင်းတန်ချိန် ခြောက်သောင်း ကျော် တင်ပို့ရောင်းချပေးခဲ့ရ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

 

၂ဝ၂-၂ဝ၂၃ ဘဏ္ဍာနှစ် ဖြစ်သည့် ၂ဝ၂၂ ခုနှစ်၊ ဧပြီလတွင် ပြောင်းဖောက်သည် ဈေးကွက် နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၅၉၃ သန်း တန်ဖိုးရှိ ပြောင်း တန်ချိန် ၆၃,၃၅၀ တန် တင်ပို့ ရောင်းချပေးခဲ့သည်။

 

ထိုသို့တင်ပို့ရောင်းချပေး ရာတွင် ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများသို့ ပင်လယ် ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ တင်ပို့ရောင်းချ ပေးခဲ့ပြီး တရုတ်နိုင်ငံနှင့် ထိုင်း နိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့ ရောင်းချပေးခဲ့သည်။

 

ပ င် လ ယ် ရေ ကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့ ရောင်းချပေးရာတွင် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်း တန်ချိန် ၇,၅ဝဝ တန်၊ ဗီယက်နမ်  နိုင်ငံသို့ ပြောင်းတန်ချိန် ၁၂,ဝဝဝ တန် စုစုပေါင်းပြောင်းတန်ချိန် ၁၉,၅ဝဝ တန် တင်ပို့ရောင်းချ ပေးခဲ့ခြင်းဖြစ်သည်။

 

ဖိလစ်ပိုင်နှင့် ဗီယက်နမ် နိုင်ငံသို့ ပြောင်းတင်ပို့ရောင်းချပေးမှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၅၅ သန်း နိုင်ငံခြားဝင်ငွေရရှိခဲ့သည်။

 

ထို့အတူ နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းများ ဖြင့် တင်ပို့ ရောင်းချပေးရာတွင် တရုတ် နိုင်ငံသို့ ပြောင်းတန်ချိန် ၁,၁၅၃ တန်နှင့် ထိုင်းနိုင်ငံသို့ ပြောင်း တန်ချိန် ၄၂,၉၆၇ တန် စုစုပေါင်း ပြောင်းတန်ချိန် ၄၃,၈၅ဝ တန် တင်ပို့ ရောင်းချပေးခဲ့ခြင်းဖြစ် သည်။

 

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ သို့ ပြောင်းတင်ပို့ရောင်းချပေး မှုမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅၉၃ သန်း နိုင်ငံခြား ဝင်ငွေရရှိခဲ့သည်။

Read times
Rate this item
(0 votes)