Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese Style လီမွန်ကြက်သားကြော်

ကြက်သားကို ရိုးရိုးချည်း ချက်မစားဘဲ လီမွန်နဲ့ ကြက်သားကြော် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ လီမွန်နဲ့ ကြက်သားရာကြော်ထားတာမို့ လီမွန်အနံ့လေးရော၊ အရသာလေးပါ စားလို့ ကောင်းပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ခရုဆီ၊ နှမ်းဆီ၊ ဂျုံမှုန့်၊ လိမ္မော်ခွံ အနည်းငယ် လိုအပ်ပါတယ်။ အချဉ်ရည်ပြုလုပ်ဖို့အတွက် လိမ္မောသီး၊ ဗနီကာ၊ ပဲငံပြာရည်အကျဲ၊ သကြား၊ ကြက်ပြုတ်ရည်၊ ကော်မှုန့်၊ ကြက်သွန်နီတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး ပါးပါးလှီးထားပါ။ ပြီးလျှင် ပါးပါးလှီးထားသော ကြက်သားများကို ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ခရုဆီ၊ နှမ်းဆီ တို့ဖြင့် သမအောင် ဇလုံတစ်လုံးထဲတွင် ရောနယ်လိုက်ပါ။

 

ပြီးနောက် ရောနယ်ထားသော ကြက်သားများကို ဂျုံမှုန့် များဖြင့် ကပ်ပေးပါ။

 

ပြီးရင်တော့ ကြက်သား စကြော်လို့ ရပါပြီ။ ဒယ်အိုးထဲကို ဆီများများ ထည့်ပြီး ကြက်သားများကို မကပ်စေရန် နှစ်သုတ်လောက် ခွဲပြီး မီးအသင့်အတင့်ဖြင့် အညိုရောင်သန်းသည် အထိ ကြော်ပေးပါ။

 

အညိုရောင်သန်းလာပြီဆိုလျှင် ကြက်သားများကို ဆီစစ်၍ ပြန်ဖယ်ထားပေးပါ။

 

ကြက်သားကြော်ပြီလျှင် ဆော့စ်မချက်မီ လိမ္မော်သီးကို အဖတ်များ မပါဘဲ အရည်ရအောင် ဇကာဖြင့် ညှစ်ထုတ်ပေးပါ။

 

ပြီးနောက် ဆော့စ် စချက်ပါတော့မယ်။ ဒယ်အိုးထဲသို့ ဆော့စ်ချက်ရန် ပါဝင်ပစ္စည်များ ဖြစ်တဲ့ လိမ္မော်ရည်၊ ဗနီဂါ၊ ပဲငံပြာရည်၊ သကြား၊ ရေ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ကို ထည့်ပြီး မီးအသင့်အတင့်ဖြင့် တစ်မိနစ်ခန့် ဆူအောင် တည်ထားလိုက်ပါ။

 

ဆူလာလျှင် အရသာ အပေါ့အငံကို မြည်း၍ အနေတော်လျှင် ကြော်ထားသော ကြက်သားများနှင့် လိမ္မော်အနံ့မွှေးအောင် ခြစ်ထားသော လိမ္မော်ခွံများကို ထည့်ပြီး ရောမွှေလိုက်ပါ။

 

ပြီးနောက် ကော်မှုန့်ကို ရေအနည်းငယ်ဖြင့် ဖျော်၍ ဒယ်အိုးထဲသို့ လောင်းချလိုက်ပါ။

 

လိမ္မော်အနံ့အရသာ မွှေးကြိုင်နေသည့် လီမွန် ကြက်သားကြော်ကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Thursday, 27 September 2018 14:13
Rate this item
(2 votes)