Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


အရှေ့တောင်အာရှမှ အုန်းသီး တရုတ်ဝယ်လိုအား ပိုမိုမြင့်တက်

အရှေ့တောင်အာရှမှ အုန်းသီး တရုတ်ဝယ်လိုအား ပိုမိုမြင့်တက် 

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံမှ အုန်သီးကြိုက်သူ Zhuang Yong က ထိုင်းနိုင်ငံမှ တင်သွင်းတဲ့ အုန်းသီးကို နည်းအမျိုးမျိုးဖြင့် ဝယ်ပါတယ်။ နေ့စဉ် ဈေးသွားတဲ့အခါမှာ အုန်းသီး ဝယ်ဖြစ်ပါတယ်။ အွန်လိုင်းမှာလည်း ဝယ်ဖြစ်ပါတယ်။ ပြပွဲမှာလည်း ဝယ်ဖြစ်ပါတယ်။

 "အုန်းသီးရဲ့အရသာက လတ်ဆတ်ပြီး ချိုတယ်"လို့ Zhuang က ပြောပါတယ်ယ

 သူက တရုတ်ပြည်တောင်ပိုင်း Guangxi Zhuang Autonomous Region မှ မြို့တော် နန်နင်းမှာ နေထိုင်သူ ဖြစ်ပါတယ်။

.

မကြာသေးမီနှစ်များအတွင်း အရှေ့တောင်အာရှနိုင်ငံများမှ အုန်းသီးများ တရုတ်နိုင်ငံတွင် လျင်မြန်စွာရေပန်းစားလာခဲ့ပြီး ကိတ်မုန့်၊ ကော်ဖီနှင့် ဟော့ပေါ့များ အပါအဝင် အစားအသောက်နှင့် အချိုရည်များတွင် တွင်ကျယ်စွာ အသုံးပြုကြပါတယ်။

.

 အမျိုးမျိုးသော အုန်းသီးထုတ်ကုန်များက ကုမ္ပဏီများအတွက် အခွင့်အလမ်းသစ်များကို ပေးဆောင်ရင်း တရုတ်စားသုံးသူများ၏ အရသာကို ကြွယ်ဝစေပါတယ်။

 

 .

nannin_coconut_shop.png

 

နန်နင်းမြို့မှ လက်ကားဈေးထဲမှာ ထိုင်းနိုင်ငံမှ အုန်းသီးများကို သေသေသပ်သပ် အစီအရီ ထားရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ များမကြာခင်မှာ စားသောက်ဆိုင်များ၊ အဖျော်ယမကာ စတိုးဆိုင်များ၊ စူပါမားကက်များဆီသို့ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

 . 

ထိုင်းနိုင်ငံမှာ ခူးထားတဲ့ အုန်သီးများကို စနစ်တကျ သိုလှောင်ထားပြီး စက်ရုံတွေက ထုပ်ပိုးပေးကြပါတယ်။ ထို့နောက် တရုတ်ပြည်သို့ တင်ပို့ပါတယ်။ 

ကွမ်းရှီမှ ကုန်သွယ်ရေးကုမ္ပဏီတစ်ခုမှာ လက်ထောက်မန်နေဂျာအဖြစ် လုပ်ကိုင်နေသူ 

 Mo Jiaming က ထိုင်းနိုင်ငံသို့ အကြိမ်များစွာ သွားရောက်ခဲ့ကြောင်း၊ အုန်သီးတွေ အမြဲမပြတ် တင်ပို့ပေးဖို့ ထိုင်းစက်ရုံတွေနှင့် အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုထားကြောင်း ပြောပြပါတယ်။

တရုတ်ပြည်တွင်းဈေးကွက်မှာ အုန်းသီး အရောင်းမြှင့်တင်ရေးအတွက် တရုတ် e-commerce ပလက်ဖောင်းများဟာ အရေးပါတဲ့နေရာမှာ ရောက်ရှိနေပါတယ်။ သစ်သီးကုန်သည်များက အရောင်းချဲ့ထွင်ဖို့ ချန်နယ်များအဖြစ် အသုံးပြုကြပါတယ်။

အွန်လိုင်းမှာ အရှေ့တောင်အာရှ အုန်းသီးများ အရောင်းတွင်ကျယ်ပါတယ်။

 

 

 

 

အရင်တုန်းကတော့ အုန်းရည်သောက်ဖို့ ဓားနဲ့ခုတ်ပြီး အပေါက်ဖောက်ခဲ့ရတာ ပင်ပန်းခက်ခဲပြီး အန္တရာယ်လည်း များပါတယ်။ အခု အုန်းသီးကို အလွယ်တကူ အပေါက်ဖွင့်ဖို့ ကိရိယာ တီထွင်ထားလို့ အုန်းရည်သောက်ဖို့ ပိုအဆင်ပြေလာတယ်”လို့ Mo က ပြောကြားပါတယ်။

.

အုန်းရည် လတ်လတ်ဆတ်ဆတ် သောက်တာအပြင် အုန်းရည်နှင့် ကြက်သားကို ချက်ထားတဲ့ ဟော့ပေါ့ကလည်း စားသုံးသူများအကြား အတော်ရေပန်းစားပါတယ်။

 "ကျွန်တော့်မိသားစုနဲ့ သူငယ်ချင်းတွေနဲ့  အုန်းကြက်သားဟော့ပေါ့ကို လစဉ် စားဖြစ်တယ်။ မစားဖြစ်ရင် တစ်ခုခု လိုနေသလို ခံစားရတယ်" လို့ နန်နင်းမှာ နေထိုင်သူ Lu Shuai က ပြောပါတယ်။ အုန်းကြက်သား ဟော့ပေါ့မှာ သုံးစွဲတဲ့ ပစ္စည်းအမျိုးမျိုးက လတ်ဆတ်တာတွေချည်းပဲဖြစ်လို့ ကျန်းမာရေးနှင့် ညီညွှတ်တယ်လို့ သူက ယူဆတယ်။ 

 

 

 

 

တစ်ချိန်တည်းမှာပင် အုန်းနို့၊ အုန်းဂျယ်လီနှင့် အုန်းသီးရေခဲမုန့်ကဲ့သို့သော အုန်းနို့ထွက်ကုန်များဖြင့် စားသုံးသူများရဲ့ လိုအင်အမျိုးမျိုးကို ဖြည့်ဆည်းပေးကြပါတယ်။

  

 လတ်ဆတ်သော အုန်းသီးများကုိ လူကြိုက်များမှု မြင့်တက်လာခြင်းနှင့် အုန်းသီးထွက်ကုန် အမျိုးမျိုး တိုးပွားလာခြင်းတို့ကြောင့် တရုတ်နိုင်ငံမှာ အရှေ့တောင်အာရှ အုန်းသီးဝယ်လိုအားသည် ဆက်လက် တိုးပွားနေပါတယ်။

.

ထိုင်းနိုင်ငံမှ အုန်းသီးတင်သွင်းမှုမှာ ယခုနှစ်အတွင်း ကွန်တိန်နာ ၂၈'၀၀၀ ကျော်အထိ ရှိလာမယ်လို့ Mo က ပြောကြားပါတယ်။

မကြာသေးမီနှစ်များအတွင်း ပျမ်းမျှနှစ်စဉ်တိုးတက်မှုနှုန်း ၁၀% ခန့်သုိ့ ရောက်ရှိခဲ့ပါတယ်။

 အနာဂတ်တွင်လည်း အုန်းသီးတင်သွင်းမှု စုစုပေါင်းပမာဏ ဆက်လက်တိုးလာမယ်လို့ Mo က ယူဆပါတယ်။

 ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ တရုတ်နိုင်ငံမှ အုန်းသီး တန်ချိန် ၅၆၆,၀၀၀ တင်သွင်းခဲ့ကြောင်း တရုတ်အကောက်ခွန်မှ စာရင်းဇယားများအရ သိရပါတယ်။ 

 ယမန်နှစ် အလားတူ ကာလမှာ အုန်းသီး တန်ချိန် ၄၁၈,၀၀၀ တင်သွင်းခဲ့ပါတယ်။

 ယခုနှစ်မှာ ယမန်နှစ်ထက် ၃၅.၃% တိုးလာပါတယ်။

.

မူရင်းနိုင်ငံအရကြည့်ရင် ယခုနှစ် ပထမ ၇ လ အတွင်းမှာ တရုတ်နိုင်ငံက အုန်းသီးကို ထိုင်း(၄၈.၆%)၊ အင်ဒိုနီးရှား(၃၂.၅%)၊ ဗီယက်နမ်(၁၈.၄%) တို့ထံမှ အဓိကအားဖြင့် တင်သွင်းပါတယ်။

New International Land-Sea Trade Corridor ထူထောင်ခဲ့ခြင်း၊ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) သဘောတူစာချုပ်၊ ဒေသတွင်း ပို့ဆောင်ရေး တိုးတက်ကောင်းမွန်ခြင်းတို့ကြောင့် အုန်းသီးတင်ပို့ဖို့ အဆင်ပြေနေစေပါတယ်။ အာဆီယံမှ တရုတ်သို့ ရေကြောင်း၊ ကားလမ်း၊ ရထားလမ်းတို့ဖြင့် သယ်ယူပို့ဆောင်နိုင်ပါတယ်။ 

Source bangkok post

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)