Chinese
Chinese style ကြက်သား ဖက်ထုပ်ပေါင်း
ကြက်သား ဖက်ထုပ်ပေါင်းလေးကို ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူပြုလုပ်နိုင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ ဖက်ထုပ်ရွက်၊ ဟင်းခတ်မှုန့်၊ ပြောင်းဖူးမှုန့်၊ Mushroom soy sauce, ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်၊ နှမ်းဆီ၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး အသားများကို ကြိတ်စက်ဖြင့် ကြိတ်ထားပါ။
ကြက်သွန်မြိတ်ကို ရေဆေးပြီး လက်တစ်လုံးလောက် လှီးဖြတ်ထားပါ။ ကြက်သွန်နီကို အခွံခွာပြီး ရေးဆေး၍ ပါးပါးလှီးဖြတ်ထားပါ။
ပြီးလျှင် ကြိတ်ထားသော ကြက်သားနဲ့၊ ကြက်သွန်မြိတ်၊ ဆီ၊ ငရုတ်ကောင်းမှုန့်၊ mushroom soy sauce၊ ဆား၊ ဟင်းခတ်မှုန့် နှမ်းဆီနှင့် ပြောင်းဖူးမှုန့်တို့ထည့်ပြီး သမအောင် မွှေပေးထားပါ။
ဖက်ထုပ်ပြုလုပ်ဖို့အတွက် ဖက်ထုပ်ရွက်တစ်ရွက်ကိုယူပြီး အစာကို အလယ်တည့်တည့်မှ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာခန့် ပုံပေးပြီး လက်မနှင့် လက်ညှိုးကို ညှစ်ပေးကာ အစာများကို အပြင်မထွက်အောင် အသာကလေးဖိထားပေးပါ။
ထုပ်ပြီးသား ဖက်ထုပ်များကို တစ်ခုနှင့်တစ်ခု မကပ်စေရန်အတွက် ခပ်ဝေးဝေး ထားပေးပါ။ လုပ်ပြီးသား ဖက်ထုပ်များ များသွားလျှင် ရေခဲသေတ္တာအပေါ်ထပ်မှာ သိမ်းထားပြီး မိမိနှစ်သက်သလို ကြော်စား ပေါင်းစားနိုင်ပါတယ်။
ဖက်ထုပ်ပေါင်းဖို့အတွက် ဖက်ထုပ်များကို ပေါင်းအိုးဇကာထဲသို့ ထည့်ပေးထားပါ။ ပေါင်းအိုးအောက်ခံအိုးထဲကို ရေတစ်ဝက်ခန့်ထည့်ပြီး ပူအောင်တည်ထားပေးပါ။
ပြီးနောက် ရေနွေးအိုးဆူလာတာနဲ့ ဖက်ထုပ်ထည့်ထားသော ဇကာကို အဖုံးအုပ်ပြီး တင်ပေးထားပါ။
ရေနွေးငွေ့တက်လာတာနဲ့ မီးကို လျှော့ပေးထားပါ။ မီးအရမ်းများလျှင်တော့ ပေါင်းအိုးထဲမှ ရေများ ခမ်းသွားတတ်တဲ့အတွက်ဖြစ်ပါတယ်။
ဖက်ထုပ်ကို နာရီဝက်ခန့်ပေါင်းရင်တော့ ကျက်ပါပြီ။
ပြီးရင်တော့ အရသာရှိတဲ့ ကြက်သားဖက်ထုပ်ပေါင်းကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။