Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese Style ဝက်နားရွက်သုပ်

ဝက်သား ကြိုက်နှစ်သက်သူများအတွက် ထမင်းမြိန်စေမယ့် ၀က်နားရွက်သုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

 

ပါဝင်ပစ္စည်းတွေကတော့ ၀က်နားရွက်၊ ချင်း၊ ကြက်သွန်ဖြူ၊ သံပရာသီး၊ နံနံပင်၊ သကြား၊ ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်၊ တရုတ်ငရုတ်အနှစ် တို့ လိုအပ်ပါမယ်။

 



ပထမဦးဆုံး ဝက်နားရွက်ကို ရေဆေးသန့်စင်ပြီး ဆား၊ ဟင်းခတ်မှုန့်တို့နှင့်နယ်ပြီး ချင်းတစ်တက်လောက်

 

ဓားပြားရိုက်ထည့်ပြီးပြုတ်ထားပါ။

 



ပြီးလျှင် ၀က်သားကို အရမ်းနူးအောင်ပြုတ်ဖို့မလိုအပ်ဘဲ ခပ်ကြွပ်ကြွပ်လေးဖြစ်နေဖို့ သတိထားပြီးပြုတ်ထားပါ။

 



ပြီးနောက် ချင်းနှင့်ကြက်သွန်ဖြူကိုရောပြီး ညှက်နေအောင်ထောင်း၍ ရေအနည်းငယ်ထည့်ပြီး ဖျော်ထားပေးပါ။

 

ဝက်နားရွက်နူးတဲ့အခါ ပါးပါးလေးလှီးပါ။

 



တရုတ်ငရုတ်အနှစ်၊ သကြား၊ ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်၊ သံပရာရည်လေးညှစ်ပြီး ချင်းနှင့် ကြက်သွန်ဖြူ

 

ရောထောင်းထားသောအရည်လေးဆမ်းကာခပ်ဖွဖွနယ်ပေးပါ။

 



နောက်ဆုံးမှ နံနံပင်လေးထည့်လိုက်ရင် အရသာရှိပြီး စားလို့မြိန်စေမယ့် ၀က်နားရွက်သုပ်လေးကို

 

ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

 

 

Read More >>>>>>  Chinese Style ဝက်ဂုတ်သားကုန်းဘောင်ကြော်

Read times Last modified on Tuesday, 18 September 2018 11:43
Rate this item
(8 votes)