Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese Style ကြက်ငရုတ်ကောင်းဟင်း

တရုတ်နှစ်သစ်ကူးအချိန်ကာလလည်းဖြစ်တဲ့အတွက် အဆင်ပြေအောင် ကြက်ငရုတ်ကောင်းဟင်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများကတော့ ကြက်သား၊ ပြောင်းဖူးမှုန့်၊ ငရုတ်တောင့်ပွအစိမ်း၊ ငရုတ်သီးမှည့်အတောင့်ရှည်၊ ကြက်သွန်နီ၊ တရုတ်နံနံ၊ ကြက်သွန်မြိတ်၊ ချင်း၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်၊ ငရုတ်သီးစိမ်း၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်၊ ခရုဆီ၊ တရုတ်ဆန်အရက်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး ပါးပါးလှီးထားပါ။

 

ပြီးလျှင် ပါးပါးလှီးထားတဲ့ ကြက်သားကို ဂီပဲငံပြာရည်၊ ပြောင်းဖူးမှုန့်တို့နှင့် အတူရောနယ်ပြီးနှပ်ထားပါ။

 

ပြီးနောက် Sauce ပြုလုပ်ရန်အတွက် ပဲငံပြာရည်တ၊ ခရုဆီ၊ ဆန်အရက် တို့ကို ပန်းကန်လုံးအသေးထဲမှာ ထည့်ပြီးရောမွှေထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာတဲ့အခါ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ချင်း၊ ငရုတ်သီးစိမ်း တို့ထည့်ပြီး ဆီသတ်ပါ။

 

ပြီးနောက် ဆီချက် ချက်တဲ့အထဲကို ပုစွန်ခြောက်ထည့်ပါ။

 

ပြီးလျှင် အနံ့မွှေးလာတဲ့အခါ နှပ်ထားတဲ့ ကြက်သားများ ထည့်မွှေပေးပါ။

 

ပြီးရင်တော့ စပ်ထားတဲ့ Sauce လောင်းထည့်ပါ။ ငရုတ်ကောင်းမှုန့်ပါထည့်ပြီး နှံ့အောင်မွှေပေးပါ။

 

ပြီးနောက် ရေထည့်ပြီး ကြက်သားနူးအောင် ချက်ပေးပါ။

 

ပြီးလျှင် ကြက်သားနူးခါနီးမှာ ငရုတ်သီးအတောင့်ပွအစိမ်း၊ ငရုတ်သီးအနီ၊ ကြက်သွန်တို့ထည့်လိုက်ပါ။

 

ပြီးနောက် ကြက်သားနူးတဲ့အခါ တရုတ်နံနံထည့်ပါ။ ပြီးရင်တော့ ထမင်းပူပူလေးနဲ့  ကြက်ငရုတ်ကောင်းဟင်းလေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 04 February 2019 13:17
Rate this item
(1 Vote)