Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese Style ဝက်သားပဲလိပ်ကြော်

တရုတ်လူမျိုးတို့ရဲ့ အရသာရှိတဲ့ ဟင်းလျာများစွာထဲမှ ရိုးရာဟင်းလျာလို့လည်းဆိုနိုင်တဲ့ ဝက်သားပဲလိပ်လေးပြုလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ကြိတ်ထားတဲ့ ဝက်သား၊ သစ်အယ်သီး၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ပဲငံပြာရည်၊ ခရုဆီ၊ ဟင်းခတ်မှုန့်၊ ကြက်သားမှုန့်၊ ပြောင်းဖူးမှုန့်၊ တရုတ်မဆလာ၊ ပဲပြားခြောက်အရွက်၊ ဆီ တို့ လိုအပ်ပါမယ်၊


ပထမဦးဆုံး ဇလုံတစ်ခုထဲမှာ ဝက်သား၊ သစ်အယ်သီး၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ဟင်းခတ်မှုန့်၊ ခရုဆီ၊  ကြက်သားမှုန့်၊ ပဲငံပြာရည်၊ ပြောင်းဖူးမှုန့်၊ တရုတ်မဆလာတို့ကိုရောထည့်လိုက်ပါ။


ပြီးလျှင် လက်နဲ့သေသေချာချာနှံ့အောင် နယ်ပေးထားပါ။


ပြီးနောက် ကော်လုပ်ဖို့အတွက် ပြောင်းဖူးမှုန့်ကို ရေအနည်းထည့်ပြီး ဖျော်ပေးထားပါ။


ပြီးလျှင် ပဲပြားရွက်ပေါ်ကို စင်းထားတဲ့အသားအရောအနှောကိုတင်ပြီး လေးဘက်လေးတန်ကို ကော်သုတ်လိုက်ပါ။ပြီးနောက်  ခေါက်လိပ်လိုက်ပါ။  အပြီးမလိပ်ခင်အရွက်ကို ကော်ထပ်သုတ်ပြီး လိပ်လိုက်ပါ။


ပြီးရင်တော့ ဝက်သားပဲပြားလိပ်ကို ဒယ်အိုးထဲဆီထည့်၊ ဆီပူလာပြီဆိုရင်တော့ ဝက်သားပဲပြားလိပ်ကို စကြော်လို့ရပါပြီ။


ပြီးလျှင် တစ်ဖက်စီ ကျက်အောင်ကြော်ပေးပါ။ ဝက်သားလိပ်လေး ရွှေညိုရောင်သန်းလာရင် ကျက်ပါပြီ။


နောက်ဆုံးမှာတော့ အရသာရှိတဲ့ ဝက်သားပဲပြားလိပ်လေးကို ဆော့စ်နဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 19 February 2019 11:27
Rate this item
(1 Vote)