Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


လာအို ပထမဆုံး ငှက်ပျောသီးရထား ခရီးစဉ် စတင်

လာအို ပထမဆုံး ငှက်ပျောသီးရထား ခရီးစဉ် စတင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

လာအိုနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သည့် လတ်လတ်ဆတ်ဆတ် ငှက်ပျောသီး တန်ချိန် ၅၀၀ ထည့်သိုထားသည့် အအေးပေး ကွန်တိန်နာ လုံးရေ ၅၀၀ တင်ဆောင်ထားသည့် အထူးကုန်ရထားသည် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမှ ၂၀၂၂ ဒီဇင်ဘာလ ၁၄ ရက်တွင် စတင်ထွက်ခွာခဲ့သည်။ 

 

အဆိုပါရထားသည် တရုတ်-လာအို မီးရထားလမ်းတစ်လျှောက် မြောက်ဘက်ဆီသို့ တောင်များနှင့် မြစ်များကိုဖြတ်၍ တရုတ်နိုင်ငံတောင်ပိုင်း ဟူနန်ပြည်နယ်၏ မြို့တော် ချန်းရှဆီသို့ ခရီးနှင်သည်။

 

lao_bananna.jpg

တရုတ်-လာအို မီးရထား လွန်ခဲ့သည့် တစ်နှစ်က စတင်ပြေးဆွဲချိန်ကစ၍  တရုတ်နိုင်ငံရှိ မြို့တော်တစ်ခုဆီ တိုက်ရိုက်သွားသည့် ပထမဆုံး "ငှက်ပျောရထား" "banana train" ဖြစ်ပါသည်။ 

ယခုနှစ်အစောပိုင်းတွင် ဟူနန်နှင့် လာအိုနိုင်ငံ စိုက်ပျိုးရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍ အထက်ဖော်ပြပါ "One Way, Two Parks" စီမံကိန်း အကောင်အထည်ဖော်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ ရထားခရီးစဉ်သည် တစ်ခုတည်းသော ရထားလမ်းဖြင့် လာအို မြို့တော် ဗီယင်ကျန်းရှိ ခေတ်ပေါ် စိုက်ပျိုးစက်မှုူဥယျာဉ်နှင့် ဟူနန်ပြည်နယ်ရှိ သက်ဆိုင်ရာ စက်မှုဇုန်တို့အကြား ကုန်စည်တိုက်ရိုက် ပို့ဆောင်ပါသည်။ 

 

Screenshot_2022-12-10_183750.jpg

 

သဘောတူထားသည့် ကာလအတွင်း လာအိုနှင့် ဟူနန်အကြား စိုက်ပျိုးရေး ထုတ်ကုန် တန်ချိန် ၁ သန်းကျော်ကို ရထားဖြင့် တင်ပို့မည် ဖြစ်သည်။ 

Hunan Xuanye Ecological Agriculture Development Co Ltd လက်အောက်ခံလုပ်ငန်း Xuanye (Laos) Co Ltd က လာအိုမှ စိုက်ပျိုးထုတ်ကုန်များကို ဝယ်ယူပြီး တရုတ်ပြည်သို့ တင်ပို့ရန် တာဝန်ယူထားပါသည်။ 

 

Screenshot_2022-12-10_183815.jpg

 

လာအို၏ ပြည်ပပို့ကုန်များတွင် ငှက်ပျောသီးသည် ထိပ်ဆုံးမှာ ရှိနေသည့် စိုက်ပျိုးရေးဆိုင်ရာ ပြည်ပပို့ကုန် ဖြစ်သည်။ ၂၀၂၂ ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ ၁၄၁ သန်းဖိုး ရှိသည့် ငှက်ပျော်သီးများ တင်ပို့ခဲ့ပါသည်။ ပထမအများဆုံး စိုက်ပျိုးရေးဆိုင်ရာ ပို့ကုန်မှာ ပလောပီနံဖြစ်ပြီး ၎င်းနှစ်ဝက်တွင် ကန်ဒေါ်လာ သန်း ၂၅၀ ဖိုး တင်ပို့ခဲ့ပါသည်။ 

Source bangkokpost


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 10 December 2022 18:38
Rate this item
(0 votes)