Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ထမင်းကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင်လည်း လွယ်လင့်တကူ အသင့်လုပ်စားနိုင်တဲ့

တရုတ်ထမင်းကြော်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကြက်သွန်ဖြူ၊ ထမင်း၊ ၀က်သား၊ ဘိုစားပဲသီး၊ ပန်းမုန်လာ၊ မုန်လာဥနီ၊ ကြက်ဥ၊ ပဲငံပြာရည်၊ ဟင်းခတ်မှုန့်၊ ဆား၊ ခရုဆီတို့ လိုအပ်ပါမယ်။

 

ပထမဆုံး ထမင်းကို ချက်ပြီး အအေးခံထားပါ။ ၀က်သားနှင့် အသီးအနှံများကို သန့်စင်ပြီး အတုံးသေးသေး တုံးထားပါ။ ပြီးလျှင် ကြက်သွန်ဖြူကို ခပ်ပါးပါးလှီးထားပါ။

 

ပြီးနောက် ၀က်သားကို ပဲငံပြာရည်၊ ဟင်းခတ်မှုန့်တို့ဖြင့် နယ်ထားပါ။ ၎င်းနောက် ဒယ်အိုးတခုထဲတွင် ဆီထည့်၊ ဆီပူလာလျှင် ကြက်သွန်ဖြူကို ထည့်၍ ဆီသတ်ပါ။

 


ကြက်သွန်ဖြူအနံ့ မွှေးလာလျှင် ၀က်သားကို ထည့်၍ ကြော်ပါ။ ၀က်သားခြောက်ခြောက်လေးဖြစ်သွားမှ အသီးအနှံကိုထည့်၊ ပဲငံပြာရည်၊ ဆား၊ ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး မွှေပေးထားပါ။

 


အသီးအရွက်များအနံ့မွှေးလာပြီဆိုလျှင် ထမင်းကို ထည့်လိုက်ပါ။ ပြီးလျှင် ပဲငံပြာရည်၊ ခရုဆီ၊ ဟင်းခတ်မှုန့်၊ ဆား တို့ကို ထည့်၍ ကြော်ပါ။

 


အားလုံးနှံ့သွားလျှင် ထမင်းကြော်ကို မမွှေပဲ ခဏထားပါ။ ထမင်းကြော်များအိုးမှာ အနည်းငယ် ကပ်သွားအောင် ဖြစ်ပါတယ်။ ပြီးလျှင် ဒယ်အိုးမှာ ကပ်နေတဲ့ ထမင်းကြော်ကို ယောင်းမနှင့် အသာလေးခွာ၍ ကြော်ပါ။

 


ပြီးနောက် ကြက်ဥကို အိုးသပ်သပ်နှင့် မွှေကြာ်ပေးပါ။ ပြီးလျှင် ထမင်းကြော်အပေါ်မှ ကြက်ဥကြော်လေးကို ဖြူးပြီးလျှင်တော့ အရသာရှိတဲ့ တရုတ်ထမင်းကြော်လေးကို အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:46
Rate this item
(1 Vote)