Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


အစိမ်းကြော်

အစိမ်းကြော် google.com

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ သက်သတ်လွတ်သမားအတွက် ဟင်းသီးဟင်းရွက်

အစိမ်းကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ ပဲတောင့်ရှည်၊ ဘရိုကိုလီ၊ ကြက်သွန်မြိတ်၊ မုန်ညှင်း၊ တရုတ်နံနံ၊ ဆား၊ သကြား၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ဟင်းသီးဟင်းရွက်များကို လှီးဖြတ်၊ ရေဆေးသန့်စင်ပြီး ရေစစ်ထားပါ။ ပြီးလျှင် ဆီကို အပူပေး၍ ဆီပူလာတာနဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ထည့်ကြော်လိုက်ပါ။

 

ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အရင်ထည့်ပြီး မိနစ်အနည်းငယ်ကြာ ကြော်ပေးပါ။

 

ပြီးတာနဲ့ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီ၊ ဘရိုကိုလီ၊ မုန်ညှင်း၊ ပဲသီးတို့ကို ထည့်၍ မိနစ်အနည်းငယ် ကြော်ပေးပါ။

 

တစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ဆား၊ သကြား တို့ထည့်၍ ကြော်ပေးပါ။

 

ကြော်ချိန် မိနစ်အနည်းငယ် ကြာပြီဆိုတာနဲ့ တရုတ်နံနံနှင့် ကြက်သွန်မိတ်တို့ ထည့်မွှေပေးပြီးလျှင် သက်သတ်လွတ် အစိမ်းကြော်ကို သုံးဆောင်နိုင်ပါပြီ။

 

Read times Last modified on Monday, 17 September 2018 13:49
Rate this item
(1 Vote)