Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ဘဲသားနှင့် နာနတ်သီးချိုချဉ်ကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆန်းဆန်းပြားပြားလေးစားချင်သူများအတွက် ဆိုင်တွင်လည်း

သွားရောက်စားသောက်စရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ဘဲသားနာနတ်သီးချိုချဉ်ကြော် ဟင်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဘဲကောင်၊ ကော်မှုန့်၊ ကြက်ဥ၊ နာနတ်သီး၊ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်နီ၊ ဆီ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်နောက်၊ ကော်မှုန့်၊ ဆား၊ သကြား၊ ကြက်သွန်မြိတ် တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ဘဲသားရေ ရေဆေးသန့်စင်ပြီး အရိုးထုတ်၍ ဓားဖြင့်ပါးပါးလွှာပြီး ဆား၊ ကော်မှုန့်၊ ကြက်ဥတို့ဖြင့် နှံ့အောင် နယ်ပေးပါ။

 

ပြီးလျှင် နာနတ်သီးကို လက်တစ်လုံးခန့်လှီးလိုက်ပါ။ ပြီးလျှင် ကြက်သွန်ဖြူ၊ ချင်းတို့ကို ဓားပြားရိုက်ထားပါ။

 

ကြက်သွန်နီကို အစိတ်ကြီးကြီးစိတ်ထားပါ။ ကြက်သွန်မြိတ်ကို လက်တစ်ဆစ်ခန့် လှီးဖြတ်ထားပါ။

 

ပြီးနောက် ဒယ်အိုးကိုယူ မီးဖိုပေါ်တင် ဆီထည့်၍ အပူပေးလိုက်ပါ။ ဆီဆူလျှင် ကြက်သွန်နီနှင့် ဘဲသားထည့်ပြီး မွှေပေးပါ။ ပြီးရင် ဘဲသားကို ဆယ်၍ ဆီစစ်ထားပါ။

 

ပြီးရင်တော့ ဒယ်အိုးတစ်လုံးထဲ ဆီထည့်ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူကို ဆီသတ်ပေးပါ။ ပြီးလျှင် ဘဲသား၊ ကြက်သွန်နီ၊ နာနတ်သီး၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ကော်ရည်၊ ဆား၊ သကြား၊ ကြက်သွန်မြိတ်ထည့်ပြီး ရောမွှေပေးပါ။

 

မိနစ်အနည်းငယ်ကြာ ရောမွှေပြီးရင်တော့ ဘဲသားနှင့် နာနတ်သီးချိုချဉ်ကြော်ဟင်းကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:45
Rate this item
(1 Vote)