Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ စားသောက်ဖွယ်ရာများ တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ပို့ကုန်အမယ်သစ်များအဖြစ် အဆင့်မီထုတ်ပိုးထားသည့် စားသောက်ဖွယ်ရာများ တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရပါကြောင်း

စားသောက်ကုန် လုပ်ငန်းရှင်များအား foodindustrydirectory.com.mm မှ သတင်းကောင်းပါးအပ်ပါသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား စုစုပေါင်းကုန်သွယ်မှုပမာဏမှာ တရုတ်နိုင်ငံ အကောက်ခွန်ဌာနGeneral Administration of Customs of China-GACC)၏ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၈) ဘီလီယံရှိကြောင်းသိရှိရပြီး ၂၀၂၀ ပြည့်နှစ်အရောက်တွင် အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီး ဆုံးသောကုန်သွယ်ဘက်နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

 ၂၀၁၉ ခုနှစ်အတွင်း အာဆီယံနိုင်ငံ များအနက်

 ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁၅၀) ဘီလီယံ၊ 

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၈၀) ဘီလီယံ နှင့် 

မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏ (၇၅) ဘီလီယံအထိ အသီးသီး ရှိကြောင်းသိရှိရပါသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် ပို့ကုန်ပမာဏပိုမိုများပြား လာစေရေးအတွက် ပေကျင်းမြို့၊ မြန်မာသံရုံးက တစ်တပ်တစ်အား ကြိုးပမ်းစီစဉ်ဆောင်ရွက် လျက်ရှိသည်။ 

ပေကျင်းမြို့၊ မြန်မာသံရုံးအနေဖြင့် တရုတ်နိုင်ငံ၏ မြူနီစပါယ်အုပ်ချုပ်ရေးဒေသ (၄) ခု အနက် တစ်ခုအပါအဝင်ဖြစ်ပြီး လူဦးရေသန်း(၃၀)ကျော်ရှိသည့် ချုံချင့်မြူနီစပါယ်ဒေသအစိုးရနှင့်ပူးပေါင်းဆောင်ရွက်ကာ China(Chongqing)-Myanmar Friendship Week and Cooperation Forum အား ၂၀၂၁ ခုနှစ်၊ မတ်လ ပထမပတ်အတွင်း (၅) ရက်တာ ကျင်းပပြုလုပ်သွားရန် စီစဉ်လျက် ရှိပါသည်။ 

အဆိုပါဖိုရမ်တွင် မြန်မာထွက်ကုန်ပစ္စည်းများကိုလည်း ခင်းကျင်းပြသသွားရန်ပါရှိပြီး ချုံချင့်ဒေသနှင့် တရုတ်နိုင်ငံရှိအခြားသောဒေသများမှ တရုတ်နိုင်ငံသို့ ပြည်ပမှကုန်ပစ္စည်းဝယ်ယူ တင်သွင်းနေသူများ၊ သွင်းကုန်လုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းလုပ်ကိုင်နေသည့် အသင်း အဖွဲ့များမှ လာရောက်ကြည့်ရှုကြမည်ဖြစ်ပါသည်။ ၄။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါအဆင့်မီအသင့်ထုတ်ပိုးထားသည့် စားသောက်ကုန်ပစ္စည်း များအား အထက်ဖော်ပြပါဖိုရမ်တွင် 

 

- အဆင့်မီထုတ်ပိုးပြီး သွားရည်စာနှင့် အဆာပြေအစားအစာများ

သီဟိုဠ်စေ့အမျိုးမျိုး၊ ထန်းလျက်အမျိုးမျိုး၊ မြေပဲယို၊ မြေပဲလိပ်၊ နှမ်းပျစ်၊ ဇီးယို၊ ဇီးသီးနှင့်ပြုလုပ်ထားသည့် သွားရည်စာများ၊ ယိုအမျိုးမျိုး၊ ဘီစကစ်အမျိုးမျိုး၊ မန်ကျည်းတော်ဖီ၊ မန်ကျည်းသီးနှင့် ပြုလုပ်ထားသည့် အစားအစာများနှင့် ကြာရှည်ခံ ကောင်းစွာ ထုတ်ပိုးထားသည့် မြန်မာ့ရိုးရာအစားအစာများစသည်များကိုလည်းကောင်း

 

- သောက်သုံးဖွယ်ရာများ

ကော်ဖီစေ့၊ ကော်ဖီမှုန့်အမျိုးမျိုး၊ အသင့်ဖျော်လက်ဖက်ရည်ထုပ်၊ အသင့်ဖျော်ကော်ဖီ ထုပ်၊ ထက်ဖက်ခြောက်အမျိုးမျိုး၊ အဆင့်မီပုလင်း၊ ဗူးတို့ဖြင့် ထည့်သွင်းထားသည့် မန်ကျည်း၊ သရက်နှင့် ဇီးဖျော်ရည်အမျိုးမျိုးစသည် များကိုလည်းကောင်း

 

- ဖျော်ရည်ယမကာများ

ရမ်၊ ဝီစကီ၊ ဝိုင်နှင့် ဘီယာစသည်များကိုလည်းကောင်း

 

ဟင်းခတ်အမွှေးအကြိုင်များ

ဗြုပ်ကောင်း၊ နနွင်းမှုန့်၊ ဖာလာနှင့် ကရဝေးစသည်များကိုလည်းကောင်း

 - သစ်သီးဝလံများ

တရုတ်နိုင်ငံသို့ တင်ပို့ရန်ရည်ရွယ်သည့် အသီးအနှံ များကိုလည်းကောင်း

 

- လယ်ယာ၊ သစ်တောနှင့် အခြားထွက်ကုန်များ

ပဲအမျိုးမျိုးနှင့် လျှော်ဖြူစသည်များကိုလည်းကောင်း

 

 - မြန်မာလက်မှုပညာပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းများ

ရွှေချည်ငွေချည်ထိုးပစ္စည်းများ၊ လက်ဆောင်ပန်းချီကားများ၊ လက်မှုပစ္စည်းများ ၊

သစ်သားထည်လက်ဆောင်ပစ္စည်းများနှင့် ခရုကမာပစ္စည်းများစသည်များကိုလည်းကောင်း

တရုတ်နိုင်ငံရှိဝယ်လက်များနှင့် မိတ်ဆက်ပေးသွားရန် ရည်ရွယ်ပါသည်။

 

အထက်တွင်ဖော်ပြထားသည့် စားသောက်ကုန်များအပြင် အခြားသော မိမိတို့၏ မြန်မာထွက်ကုန်များကို တရုတ်နိုင်ငံဈေးကွက်သို့ မိတ်ဆက်လိုသူ လုပ်ငန်းရှင် များသည် ပေကျင်းမြို့၊ မြန်မာသံရုံး၏ အီးမေးလ်လိပ်စာဖြစ်သော This email address is being protected from spambots. You need JavaScript enabled to view it. သို့ စာပေးပို့ဆက်သွယ်နိုင်ပါကြောင်း  အသိပေးအပ်ပါသည်။

 

 မြန်မာ့ထွက်ကုန်နမူနာများ(Sample)အား အနည်းငယ်စီအား တရုတ်နိုင်ငံသို့ ပေးပို့ပေးရမည်ဖြစ်ပြီး ပို့ဆောင်ခအား ပေကျင်းမြို့၊ မြန်မာ သံရုံးက ကျခံပေးသွားမည်ဖြစ်ပါသည်။

 ပေးပို့လာသည့် မြန်မာထွက်ကုန်နမူနာများကို ၂၀၂၁ ခုနှစ်၊ မတ်လပထမပတ်တွင် ကျင်းပပြုလုပ်မည့် ဖော်ပြပါဖိုရမ်တွင်သာမက တရုတ်နိုင်ငံရှိ မြို့ကြီးများ၌ ဖွင့်လှစ်ရန်ရှိသော မြန်မာမြှင့်တင်ရေးပြခန်းများကို ဆက်လက်ပြသကာ တရုတ် နိုင်ငံတွင် မိတ်ဆက်ပေးသွားမည်ဖြစ်ါသည်။

Read times Last modified on Monday, 18 January 2021 23:03
Rate this item
(0 votes)