Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သားဖက်ထုပ်ပြုတ်

နံနက်စာအတွက်ပဲဖြစ်ဖြစ်၊ နေ့လည်စာအတွက်ပဲဖြစ်ဖြစ် အချိန်မရွေး စားလို့ရပြီး လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ကြက်သားဖက်ထုပ်ပြုတ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ ဖက်ထုပ်ရွက်၊ မုန်လာဥနီ၊ မုန်ညှင်းစိမ်း၊ ကြက်သွန်မြိတ်၊ တရုတ်နံနံပင်၊ ကြက်သားမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်ပြုတ်ရည် တို့ လိုအပ်ပါမယ်။

 


ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီးလျှင် ကြက်သားကို ကြိတ်ပြီး ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ တရုတ်နံနံပင်တို့ဖြင့် နယ်ပေးထားပါ။

 

ပြီးလျှင် ဖက်ထုပ်ရွက်ထဲ အနည်းငယ်ထည့်ပြီး ဖက်ထုပ်လုပ်ထားပါ။ ကျန်အသားများကို အသားလုံး လုံးထားပါ။

 

 

ပြီးနောက် မုန်လာဥနီနှင့် မုန်ညင်းစိမ်းကို အနေတော် လှီးဖြတ်ထားပါ။

 

ပြီးရင်တော့ ဒယ်အိုးထဲမှာ ကြက်ပြုတ်ရည်၊ အရသာများထည့်ပြီး အပူပေးပါ။

 

ပြီးလို့ ဆူလာပြီဆိုလျှင် အသားလုံးများထည့်ပါ။ အသားလုံးနူးပြီဆိုလျှင် ဖက်ထုပ်များ ထည့်ပါ။

 

 

ပြီးရင်တော့ မုန်လာဥနီနှင့် မုန်ညင်းထည့်ပါ။ အနံ့အရသာပြည့်စုံပြီဆိုလျှင် ကြက်သွန်မြိတ်ဖြူးပြီး မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Monday, 17 September 2018 15:52
Rate this item
(0 votes)