Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကွန်တိန်နာခ ဈေးကြီးလွန်းလို့ တရုတ်ဂျင်း တင်ပို့မှု ရပ်

ကွန်တိန်နာ သယ်ပို့စရိတ် မြင့်မားလွန်းနေတာကြောင့် တရုတ်နိုင်ငံမှ ဂျင်းတင်ပို့မှုများ ရပ်ထားရပါတယ်။


Andy Chen က တရုတ်နိုင်ငံမှ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် ပြည်ပပို့ကုန် ကဏ္ဍမှာ လုပ်ကိုင်ခဲ့တာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ မိခင်ကုမ္ပဏီရဲ့ နယ်သာလန်နိုင်ငံမှာ ရှိတဲ့ လက်ခွဲဖြစ်တဲ့ Intafresh BV ကုမ္ပဏီမှာ သွားရောက်လုပ်ကိုင်ခဲ့ပါတယ်။ Intafresh BV ကုမ္ပဏီကို ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ တရုတ်စိုက်ပျိုးသူများအဖွဲ့မှ ရာနှုန်းပြည့် ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှ ဂျင်းများ တင်သွင်းခြင်း၊ အမျိုးအစား အရွယ်အစား ခွဲခြားခြင်းတို့ကို တာဝန်ယူလုပ်ကိုင်ပေးရပြီး ဥရောပဈေးကွက်ထဲ ဖြန့်ဖြူးပါတယ်။
Andy Chen က “ကျွန်တော် ဒီလုပ်ငန်းမှာ လုပ်ကိုင်ခဲ့တာ ၂၅ နှစ် ရှိပါပြီ။ အခုလိုမျိုး တစ်ခါမှ မကြုံဖူးဘူး။ ကွန်တိန်နာ ကုန်ကျစရိတ်က အရင်းကြေနိုင်တာထက် အများကြီး ပိုများနေတယ်။ လောဂျစ်စတစ် ကုန်ကျစရိတ်တွေက တက်ပြီးရင်း တက်နေတယ်” လို့ ရှင်းပြတယ်။

 

ginger_3.jpg

 

Intafresh BV က တရုတ်နိုင်ငံမှ ဂျင်းတွေ တင်သွင်းတဲ့အပြင် ပီရူးနဲ့ ဘရာဇီးတို့မှာလည်း ဂျင်းတွေ တင်သွင်းပါတယ်။
“ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို ကျွန်တော်တို့ ဂျင်းတွေ ရောင်းပေးဖို့ လက်ကျန် ရှိနေပါသေးတယ်။ ကံကောင်းချင်တော့ ဒီနှစ် နွေရာသီမှာ အဝယ်အေးနေတယ်။ ကျွန်တော်တို့က တရုတ်နိုင်ငံမှ ကြက်သွန်ဖြူလည်း တင်သွင်းတယ်။ ကြက်သွန်ဖြူဈေးကွက်က အရမ်းကောင်းတယ်။ အသစ်ပေါ်ချိန်နဲ့ အဟောင်းနဲ့ကြားမှာ လစ်လပ်နေတဲ့အချိန် ရှိတယ်။ ဒီတော့ ဈေးတွေ တအားမြင့်နေတယ်”

Intafresh က တင်သွင်းသူတွေ၊ စူပါမားကက်တွေကို ပေးသွင်းတယ်။ ဥရောပဈေးကွက်အတွက် Intafresh ရဲ့ ကိုယ်စားလှယ်တွေထံလည်း ပေးပို့တယ်။ ကုမ္ပဏီက အော်ဂဲနစ်ဂျင်းတွေလည်း ရောင်းပေးတယ်။ ဒါပေမဲ့ အကန့်အသတ် ရှိပါတယ်။

 

ginger.jpg

 

တရုတ်နိုင်ငံမှ စိုက်ပျိုးထုတ်ကုန် တင်ပို့သူတွေက နယ်သာလန်မှာ ကုမ္ပဏီခွဲတွေ ဖွင့်လှစ် လုပ်ကိုင်ကြတယ်။ အဲဒီ လုပ်ငန်းတွေကို ပြိုင်ဘက်များအဖြစ် ပူပန်ဖို့ မလိုဘူးလို့ Andy Chen က ယူဆတယ်။ “အပြိင်အဆိုင်တွေကတော့ တိုးနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ဖို့ တွန်းအား ဖြစ်နေစေတယ်” လို့ သူက ပြောတယ်။
“ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးကွက်က ကောင်းတဲ့အခါ ဂျင်းတွေ ကမ္ဘာတစ်လွှားမှ ရောက်လာကြတာပါပဲ။ ဈေးကွက်က ခက်ခဲကြမ်းတမ်းနေချိန်ဆိုရင်တော့ တကယ်အထူးပြု ကျွမ်းကျင်နိုင်နင်းတဲ့သူတွေရဲ့ လက်ထဲကို ရောက်လာတယ်။ ကျွန်တော်တို့ရဲ့ မိခင်ကုမ္ပဏီက ပေးသွင်းမှု ကွင်းဆက်တစ်ခုလုံးကို ထိန်းချုပ်ထားတယ်။ စိုက်ပျိုးတာက စလုံ တင်ပို့ပြီး ပြည်ပဈေးကွက်ထဲ ဖြန့်ဖြူးတာအထိ လုပ်ကိုင်တယ်။ ဒီတော့ ကွင်းဆက်တစ်လျှောက်လုံး ကုမ္ပဏီ လက်ထဲမှာ ရှိနေပါတယ်” လို့ သူက ရှင်းပြတယ်။

 

ginger_2.jpg

 

Intrafresh ရဲ့ သိုလှောင်ရုံမှာ နွေရာသီဆိုရင် လုပ်ကိုင်တဲ့သူ ၁၀ ကနေ ၁၅ ယောက်အထိ ရှိတယ်။ ဆောင်းရာသီ ဆိုရင် ၂၀ ကနေ ၂၅ ယောက်အထိ ရှိတယ်။
“အခုဆိုရင် ကုမ္ပဏီ အတော်များများကို ကျွန်တော်တို့ကို supplier တစ်ဦးအဖြစ် သိနေကြပြီ။ ဒါပေမဲ့ ဂျင်းနဲ့ ပတ်သက်တဲ့ တခြား ဝန်ဆောင်မှုတွေ လုပ်ပေးတယ်ဆိုကိုတော့ လူတိုင်း မသိကြဘူး။ သန့်စင်ရေး၊ ရွေးချယ်ရေး၊ ထုပ်ပိုးရေးနဲ့ ပြန်လည်ထုပ်ပိုးရေးတို့ကို လုပ်ပေးနေပါတယ်” လို့ သူက ပြောပြပါတယ်။

.freshplaza.com

Read times
Rate this item
(0 votes)