Chinese



ပြည်ပဒူးရင်းများကို တရုတ်ဒူးရင်း ယှဉ်ပြိုင်ရမည်

ပြည်ပဒူးရင်းများကို တရုတ်ဒူးရင်း ယှဉ်ပြိုင်ရမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်နိုင်ငံသည် ယမန်နှစ်က လတ်ဆတ်ဒူးရင်း  တန်ချိန် ၈၂၄,၀၀၀ ကျော်၊ အမေရိကန်ဒေါ်လာ ၄ ဘီလီယံဖိုးကို ပြည်ပမှ တင်သွင်းခဲ့သည်။

တရုတ်၏ ပြည်တွင်း ဒူးရင်းသည် ထိုင်းနှင့် မလေးရှားတို့မှ ဒူရင်းများက တရုတ်ပြည်တွင်းစျေးကွက် လွှမ်းမိုးထားခြင်းကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။

 

မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့သည် တရုတ် ဒူရင်း တိုးတက်ဖြစ်ပေါ်မှုကို အခြေအနေ စောင့်ကြည့်နေသည်။ နောင်တစ်ချိန်တွင် တရုတ်ဒူးရင်းသည် ပြိုင်ဘက် ဖြစ်လာနိုင်သည်။

မလေးရှားနိုင်ငံသည် ပထမတန်းစား တန်ဖိုးကြီး အေးခဲ ဒူးရင်းများကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။

 

တရုတ်ပြည်သည် ယခုနှစ်တွင် ဒူးရင်းသီး အမြောက်အမြား ပထမဆုံး အကြိမ် စတင် ထုတ်လုပ်သည်။ ဟိုင်နန်၏ ပထမဆုံးအကြိမ် ဒူးရင်း ဆွတ်ခူးခြင်းသည် ပြည်တွင်းဈေးကွက်ထဲသို့ တန်ချိန် ၂,၄၅၀ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။

 

ဟိုင်နန်ကျွန်းအတွက် ငွေဝင်သီးနှံ ဖြစ်လာစေရန် ဒူးရင်းကို ၂၀၂၀ ပြည့်နှစ်တွင် စတင်စိုက်ပျိုးခဲ့သည်။ ကြီးထွားနှုန်း မြန်စေသည့် နည်းပညာကြောင့် ယခုနှစ်တွင် ဒူးရင်းသီးများ ဆွတ်ခူးနိုင်ပြီ ဖြစ်သည်။

 

မလေးရှားမှ ဒူရင်း အကယ်ဒမီ ထူထောင်သူ ဒူရင်းကျွမ်းကျင်ပညာရှင် Lim Chin Khee သည် တရုတ်ပြည်မှ ဒူးရင်းခြံများသို့ နှစ်လ တစ်ကြိမ် သွားရောက်ပြီး ဒူးရင်း စိုက်ပျိုးသူများကို နည်းပေးလမ်းပြ ပြုပေးသည်။ 

 

Lim က တရုတ်ဒူးရင်းသည် ထုတ်လုပ်မှု အလွန်များပြားသည့် အဆင့်သို့ ရောက်မလာနိုင်ဟု ယူဆသည်။ စိုက်ခင်း ပိုင်ရှင်များသည် မြေကို မပိုင်ကြချေ။ ငှားရမ်းခ ပေးပြီး စိုက်ပျိုးကြရသည်။ တိုင်ဖုန်းမုန်တိုင်းဒဏ်ကိုလည်း ခံရသည်။

 သို့ဖြစ်ရာ တရုတ် ဒူးရင်းသည် မလေးရှား ဒူးရင်း၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်။ ဖြည့်ဘက်အနေဖြင့်သာ ဆက်ရှိနေမည်ဟု သူက ခန့်မှန်းထားသည်။

အရသာအနေဖြင့် ဟိုင်နန်ဒူရင်းသည် ထိုင်းဒူးရင်းကို မမီချေ။ သို့ဖြစ်ရာ ထိုင်းဒူးရင်း၏ ပြိုင်ဘက် ဖြစ်မလာနိုင်ဟု သုံးသပ်သည်။

ထိုင်းနိုင်ငံသည် ယမန်နှစ်တွင် တရုတ်နိုင်ငံသို့ ဒူရင်းသီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံဖိုး တင်ပို့ခဲ့သည်။ ထိုင်းနိုင်ငံ ဒူးရင်းတင်ပို့မှု၏  ၉၆ ဒသမ ၂ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည်။

Source scmp

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Thursday, 08 June 2023 18:45
Rate this item
(0 votes)