Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ကြက်သွန်ဖြူ ဗီယက်နမ်ပြည်တွင်းဈေးကွက်မှာ အနိုင်ယူ

ဗီယက်နမ်မှ တရုတ်သို့ တင်ပို့တဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေအပေါ် တရုတ်အာဏာပိုင်တို့က စစ်ဆေးမှုများ တင်းကျပ်ထားပြီး လုပ်ထုံးလုပ်နည်း လိုအပ်ချက်အမျိုးမျိုးကို ပြဌာန်းထားပါတယ်။


ဗီယက်နမ်မှ တရုတ်ပြည်သို့ စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့ဖို့ ပိုခက်ခဲလာပါတယ်။
တရုတ်ပြည်မှ ‌ဗီယက်နမ်သို့ စိုက်ပျိုးရေးထုတ်ကုန်များတင်ပို့နေတာမှာတော့ လွယ်ကူနေဆဲ ဖြစ်ပါတယ်။

ယခုနှစ် ပထမ ၁၀ လအတွင်းမှာ ဗီယက်နမ်ကတရုတ်ပြည်မှ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အမေရိကန်ဒေါ်လာ ၃၁၅ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ၂၀% က ကြက်သွန်ဖြူ တင်သွင်းခဲ့တာ ဖြစ်ပြီးတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၃ သန်းဖိုး ဖြစ်ပါတယ်။

တရုတ်ပြည်မှ တင်ပို့တဲ့ ကြက်သွန်ဖြူတွေ ဗီယက်နမ် ပြည်တွင်းဈေးကွက်ကို လွှမ်းမိုးထားပါတယ်။

တရုတ်ကြက်သွန်ဖြူက ဗီယက်နမ် ပြည်တွင်းထွက် ကြက်သွန်ဖြူထက် အရည်အသွေး ပိုကောင်းပြီး ဈေးလည်းသက်သာတယ်။

ဟိုချီးမင်းမြို့တော်မှာ ကောက်ခံခဲ့တဲ့ စစ်တမ်းအရ တရုတ်ပြည်မှ တင်သွင်းတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ကြက်သွန်ဖြူက အဝယ်အလိုက်ဆုံး ဖြစ်ပါတယ်။

ဟိုချီးမင်းမြို့တော်မှ စားသောက်ဆိုင်တွေက တရုတ်ကြက်သွန်ဖြူကို ကြိုက်ကြတာ အရည်အသွေးကောင်းတာကြောင့်သာမက ဈေးက ခေါက်ချိုးသက်သာနေလို့ ဖြစ်ပါတယ်။

တရုတ်ကြက်သွန်ဖြူ တင်သွင်းတဲ့ဈေးက တစ်ဈေးတည်း ဖြစ်ပေမဲ့ ရောင်းဈေးက ဒေသအလိုက် ကွာခြားတယ်။ တချို့နေရာတွေမှာ တစ်ကီလို ဒေါင် ၃၀,၀၀၀ ၊ တချို့နေရာတွေမှာ ဒေါင် ၆၀,၀၀၀ စသဖြင့် ကွဲပြားနေပါတယ်။ ကုန်သည်တွေက ဝယ်လိုအားအရ ဈေးသတ်မှတ် ရောင်းချကြတယ်။

ဈေးဆိုင်ငယ်တွေက အရောင်းသွက်တဲ့ တရုတ်ကြက်သွန်ဖြူကိုပဲ ဆိုင်မှာ တင်တယ်။ အရောင်းထိုင်းတဲ့ ဗီယက်နမ် ကြက်သွန်ဖြူကို မတင်ကြဘူး။ ဗီယက်နမ် ကြက်သွန်ဖြူတွေ ဈေးကွက် ပျောက်ပြီး နေရာမရ ဖြစ်နေကြလို့ ဗီယက်နမ်အစိုးရကို တရုတ်ကြက်သွန်ဖြူ တင်သွင်းမှု အပေါ် စိစစ်ကြပ်မတ်ပေးဖို့ တောင်းဆိုသံ ထွက်ပေါ်နေပါတယ်။


Source: Dsdss

Read times
Rate this item
(0 votes)