Chinese
ဂျက်မား ကျောထောက်နောက်ခံပြု 1.8 Meters ငါးသင်ဝါ နှင့် ဂုံး လတ်လတ်ဆတ်ဆတ် အရောင်းစဖွင့်
ဂျက်မား ကျောထောက်နောက်ခံပြု 1.8 Meters ငါးသင်ဝါ နှင့် ဂုံး လတ်လတ်ဆတ်ဆတ် အရောင်းစဖွင့်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Jack Ma ကျောထောက်နောက်ခံပြုပေးထားသော ရေထွက်ပစ္စည်းနှင့် စိုက်ပျိုးရေးကုမ္ပဏီ 1.8 Meters သည် Alibaba ၏ Freshippo နှင့် Tmall မှတစ်ဆင့် ပင်လယ်စာများကို စတင်ရောင်းချခဲ့သည်။
ဟန်ကျို အခြေစိုက် လုပ်ငန်းသစ် 1.8 Meters Marine Technology (Zhejiang) Co ကို Alibaba Group Holding ထူထောင်သူ ဂျက်မားက ကျောထောက်နောက်ခံပြုပေးထားပြီး ပင်လယ်စာများကို တရုတ် e-commerce မဟာကုမ္ပဏီကြီး Freshippo လက်လီဆိုင်ခွဲနှင့် Tmall စျေးခင်းတို့တွင် အွန်လိုင်း ရောင်းချမှု စတင်ခဲ့သည်။
စစချင်းတွင် အေးခဲ ငါးသင်ဝါ နှင့် ဂုံးလတ်လတ်ဆတ်ဆတ်တို့ကို ရောင်းချသည်။
ကျံ့ကျန်ူပြည်နယ် အရှေ့ပိုင်းမှ ရယူပြီး တရုတ်ပြည်တွင်းမှာ ရောင်းချသည်။
1.8 Meters ဖြင့် အွန်လိုင်းစျေးကွက်ရှာဖွေခြင်းသည် စိုက်ပျိုးရေးနှင့် ရေရှည်တည်တံ့သော အစားအစာထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍကို အွန်လိုင်းရောင်းချခြင်းဖြင့် လုပ်ကိုင်ရန် ဂျက်မား၏ ကြိုးပမ်းမှုကို 1.8 Meters က အီးကောမတ်စ်တွင် အရောင်းဖွင်ခြင်းဖြင့် အစပျိုးလိုက်ခြင်း ဖြစ်သည်။
ဂျက်မားသည် တာဝန်မှ အနားယူပြီးနောက် ကမ္ဘာတစ်လွှား နိုင်ငံအချို့သို့ ခရီးထွက်ပြီး စိုက်ပျိုးရေးကဏ္ဍကို လေ့လာစူးစမ်းခဲ့သည်။
လုပ်ငန်းသစ် 1.8 Meters ၏ ဥက္ကဋ္ဌ Simon Hu Xiaoming သည် ယခင်က Alibaba တွင် အလုပ်အမှုဆောင်အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ထို့ပြင် ငွေကြေးနည်းပညာ မဟာလုပ်ငန်းကြီး Ant Group တွင်လည်း စီအီးအိုအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။
ဟောင်ကောင်အခြေစိုက် 1.8 Meters Technology Holding က 1.8 Meters Marine Technology (Zhejiang) Co တွင် ရှယ်ယာ ၇၁% ပိုင်ဆိုင်သည်။
ဂျက်မား ထူထောင်သည့် Hangzhou Dajingtou No 22 Arts and Culture Co က ရှယ်ယာ ၁၀% ပိုင်ဆိုင်သည်။
Source scmp
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL