Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


မြေဩဇာတင်သွင်းသူများ သိရှိနိုင်ပါရန် ကြေညာချက်ထုတ်ပြန်

မြေဩဇာတင်သွင်းသူများ သိရှိနိုင်ပါရန် ကြေညာချက်ထုတ်ပြန် mmtimes

မြေဩဇာတင်သွင်းသူများ သိရှိနိုင်ပါရန် ကြေညာချက်ထုတ်ပြန်

အကောက်ခွန်ဦးစီ ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ က မြေဩဇာတင်သွင်းသူများ သိရှိနိုင်ပါရန်  ကြေညာချက်အမှတ် ( ၁၀ / ၂၀၂၂) ကို  ၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက် ရက်စွဲ ဖြင့် ထုတ်ပြန်ကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။ 


၁။ မြေဩဇာတင်သွင်းသူများအနေဖြင့် သွင်းကုန်ကြေညာလွှာ တင်သွင်းရာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲသို့ ယခင် Manual နည်းလမ်းဖြင့် ထောက်ခံချက်ရယူမည့်အစား အကောက်ခွန်ဦးစီးဌာန၏ MACCS စနစ်ကို အသုံးပြု၍ ရေကြောင်းဖြင့်တင်သွင်းလာသည့် မြေဩဇာများအား စံချိန်စံညွှန်းသတ်မှတ်ချက် များနှင့် ညီညွတ်ခြင်းရှိ/မရှိ ဓါတ်ခွဲစစ်ဆေးမည့်လျှောက်လွှာအား Attached ပြုလုပ်၍ IOA Service ဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲသို့ ၁-၆-၂၀၂၂ ရက်နေ့မှစတင်၍ OGA Approval လျှောက်ထား ရယူနိုင်မည် ဖြစ်ပါသည်။

၂။ ရေကြောင်းဖြင့် ရန်ကုန်ဧရိယာအတွင်း မြေဩဇာတင်သွင်းမှုအတွက် IOA Service ဖြင့် Application လျှောက်ထားခြင်းအား ၁-၆-၂၀၂၂ ရက်နေ့မှ စတင်ကာ လျှောက်ထားနိုင်မည် ဖြစ်ပါကြောင်း နှင့် IOA Service ၏ Application Category တွင် E2 အား ရွေးချယ်ဆောင်ရွက်ရမည်။ စနစ်ဖြင့်လျှောက်ထားရယူမည် ဖြစ်ကြောင်းအား ကြေညာလွှာ၏ License Approval Type Code (၁၂) ကွက်တွင် သတ်မှတ်ထားသည့် Code ဖြင့် ဖြည့်စွက်ကြေညာခဲ့ရမည်။

၃။ ကုန်းကြောင်းဖြင့် နယ်စပ်ဒေသမှ တင်သွင်းမှုများအတွက် MANUAL ရယူထားသော ထောက်ခံချက် စာအမှတ်အား ကြေညာလွှာ၏ License Approval Type Code (၁၂) ကွက်တွင် Manual နည်းလမ်းအတွက် သတ်မှတ်ထားသည့် Code ဖြင့် ဖြည့်စွက်ကြေညာရမည်။

၄။ အသေးစိတ်သိရှိလိုပါက MACCS ဌာနခွဲ၏ Help Desk Section (01-379429) သို့ ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ပါသည်။

ကြေညာလွှာတင်သွင်းသူများမှသွင်းကုန်ကြေညာလွှာ၏ License/Approval Type Code အကွက်တွင် ယခင် CAGF Code - CERTIFICATE OF AGRICULTURE DEPARTMENT FOR FERTILIZER အစား အောက်ပါအတိုင်း ပြောင်းလဲ ဖြည့်စွက်ရမည်

 

 

maccs_23_may_2022.png

 

မှတ်ချက်။

ကြေညာလွှာတင်သွင်းသူများသည် ၁-၆-၂၀၂၂ ရက်နေ့မတိုင်မီ Preliminary Declaration သို့မဟုတ် Normal Declaration များ တင်သွင်းခဲ့ခြင်းဖြစ်ပါက အကြောင်း အမျိုးမျိုးကြောင့် ပြန်လည်ပြင်ဆင်သည့်ကိစ္စရပ်များ ရှိခဲ့ပါလျှင် IDD/IDA01 service တွင် မြေအသုံးချရေးဌာနခွဲအတွက် သတ်မှတ်ထားသော Approval Type Code များကို ပြင်ဆင်ဖြည့်စွက်ပေးရမည်။ MACCS စနစ် အတွင်းတွင် CAGF Code သည် ၃၁-၅-၂၀၂၂ ရက်နေ့အထိသာ Setting ထားရှိမည်ဖြစ်ပြီး ၁-၆-၂၀၂၂ ရက်နေ့မှစ၍ မြေအသုံးချ ရေးဌာနခွဲအတွက် သတ်မှတ်ထားသော Approval Type Code အသစ် ကို စတင်အသုံးပြုရမည်။

Read times
Rate this item
(0 votes)