Chinese



တရုတ်နိုင်ငံသို့ စားသောက်ကုန် တင်ပို့လိုသည့် မြန်မာလုပ်ငန်းရှင်များအတွက် လက်စွဲ

တရုတ်နိုင်ငံသို့ စားသောက်ကုန် တင်ပို့လိုသည့် မြန်မာလုပ်ငန်းရှင်များအတွက် လက်စွဲ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

နိဒါန်း

 

၁။ တရုတ်နိုင်ငံ၏ စီးပွားရေးကို စားသုံးသူများက တွန်းအားပေး၍ ဖွံ့ဖြိုးသည့်ပုံစံကို ကျင့်သုံးလျက်ရှိရာ ပြည်တွင်းစားသုံးမှုအသွင်ပြောင်းလဲ လာခြင်းကြောင့် ၎င်း၏ စားသောက်ကုန်ဈေးကွက်အတွင်း ပြောင်းလဲမှုများ သိသိသာသာဖြစ်ပေါ်လာလျက်ရှိပါသည်။ အထူးသဖြင့် တရုတ်စားသုံးသူများ ၏ ၈၆ ရာခိုင်နှုန်းမှာ အစားအသောက် ဝယ်ယူသည့်အခါ စိတ်ချလုံခြုံမှုရှိစေ ရေးကိုထည့်သွင်းစဉ်းစားပြီး၊ ၅၂ ရာခိုင်နှုန်းမှာ အစားအသောက်ဝယ်ယူသည့် အခါ (သို့မဟုတ်) ရွေးချယ်သည့်အခါ ကုန်ပစ္စည်းအညွှန်းများကို ဖတ်ရှုကြ လျက် ကျန်းမာရေးအသိအမြင်ဖြင့် အခြေခံအချက်များကို ထည့်သွင်းစဉ်းစား လာကြ၍ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများနှင့် လတ်ဆတ် အစားအစာများကို ပိုမိုစားသုံးလာကြပါသည်။

 

‎‫ال‬‎ ထိုကဲ့သို့ လျင်မြန်စွာပြောင်းလဲလာသော တရုတ်စားသုံးသူများ၏ ဝယ်လိုအားကို ဖြည့်ဆည်းရန် ပြည်တွင်း ထုတ်လုပ်မှုကိုသာမက ပြည်ပမှ တင်သွင်းမှုများကိုလည်း တင်းကြပ်သောစည်းမျဉ်းစည်းကမ်းများချမှတ်လျက် ပိုမို ခွင့်ပြုလာလျက်ရှိပါသည်။ တရုတ်အကောက်ခွန်ဌာနမှ ထုတ်ပြန်သော စာရင်းအရ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း တရုတ်၏ ပြည်ပမှ စားသောက်ကုန် တင်သွင်းမှုမှာ နှစ်စဉ် ၁၇.၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ကိုတွေ့ရပြီး၊ ၂၀၁၉ ခုနှစ်တွင် စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းပိုင်းမှ ဝင်ငွေရရှိမှုမှာ အမေရိကန်ဒေါ်လာ ၂၂.၇ ဘီလီယံရှိခဲ့ကာ၊ ၂၀၂၃ ခုနှစ်တွင် ဈေးကွက် တန်ဖိုးအမေရိကန်ဒေါ်လာ ၃၆.၆၇ ဘီလီယံတန်ဖိုးရှိလာမည်ဟုလည်း ခန့်မှန်းထားကြပါသည်။ ထို့ကြောင့် နိုင်ငံတကာမှ ထုတ်လုပ်သူများ၊ ကုန်သွယ် ရောင်းဝယ်သူများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် တရုတ်နိုင်ငံ၏ စားသောက် ကုန်နှင့် အဖျော်ယမကာဈေးကွက်မှာ အလွန်ဆွဲဆောင်မှုရှိနေပါသည်။

 

၃။ တစ်ဖက်တွင်လည်း တရုတ်နိုင်ငံ၏ အစားအသောက်နှင့် အဖျော် ယမကာ စိတ်ချလုံခြုံရေးအား အစိုးရဌာနများစွာက ကြီးကြပ်ဆောင်ရွက်လျက် ရှိပြီး၊ အဆင့်တိုင်း၌ စားသောက်ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် စိတ်ချ လုံခြုံမှု သေချာစေရန် ကြပ်မတ်စစ်ဆေးသည့် စနစ်ရှိပါသည်။ ၎င်းတို့နှင့် ကိုက်ညီခြင်းမရှိပါက လာရာနိုင်ငံသို့ ပြန်လည် တင်ပို့ခြင်း သို့မဟုတ် ဖျက်ဆီး ပစ်ခြင်းတို့ကို ပြုလုပ်သဖြင့် သွင်းကုန်တင်သွင်းသည့် ကုမ္ပဏီများရော၊ ပို့ကုန် တင်ပို့သည့် ကုမ္ပဏီများ၌ပါ ဆုံးရှုံးမှုများ သိသိသာသာဖြစ်ပေါ်စေလျက်ရှိပါသည်။ ထို့ပြင် မလျော်ကန်သည့် ပြုမူဆောင်ရွက်ချက်များကိုတွေ့ရှိပါက သွင်းကုန် လိုင်စင်အား ပြန်လည်ရုပ်သိမ်းပြီး ထပ်မံကုန်သွယ်မှုပြုခြင်းမှ တားမြစ်တတ် ရာ တရုတ်နိုင်ငံ၏ ဈေးကွက်အတွင်းသို့ ရောင်းချရန် သို့မဟုတ် ရောင်းချရေး စဉ်းစားရန် စိတ်အားထက်သန်နေသည့် မြန်မာစားသောက်ကုန် ထုပ်လုပ်သည့် လုပ်ငန်းများ အားလုံးတို့မှာ ၎င်းနိုင်ငံ၏ စားသောက်ကုန်စည်းမျဉ်းစည်းကမ်း များနှင့်ကိုက်ညီမှုရှိစေရေး သတိထားကြရမည်ဖြစ်ပါသည်။ 

 

• တရုတ်ဈေးကွက်အတွင်းသို့ ဝင်ရောက်နိုင်သည့်နည်းလမ်းများ . . . 2

• တရုတ်ဈေးကွက်တွင် သတိထားရမည့် အချက်များ . . . 3

• စားသောက်ကုန် စိတ်ချ လုံခြုံရေး ဥပဒေ . . .6

• မှတ်ပုံတင်ရန် လိုအပ်သည့် စားသောက်ကုန်များ . . . 7

• စားသောက်ကုန် ပစ္စည်းအညွှန်း အမှတ်အသား တပ်ဆင်ခြင်း . . . 9

• သွင်းကုန် တင်သွင်းသူနှင့် ပို့ကုန် တင်ပို့သူတို့ မှတ်ပုံတင်ခြင်း ပြီးမြောက်ရန် လိုအပ်ခြင်း . . . 13

• စာရွက်စာတမ်း ပြင်ဆင်ခြင်း၊ သွင်းကုန်လိုင်စင် ကြိုတင်လျှောက်ထားခြင်း၊ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း . . . 14

• သွင်းကုန် တင်သွင်းမှု မပြုခင် လိုင်စင် လျှောက်ထားခြင်း . . . 15

• ကုန်ပစ္စည်းအညွှန်း အမှတ်အသား တပ်ဆင်ခြင်း . . . 17

• ကျန်းမာရေးနှင့် ညီညွှတ်သည့် အစားအစာ ဖြစ်ကြောင်း စစ်ဆေးချက်နှင့် အကောက်ခွန် ရှင်းလင်းခြင်း (CIQ) . . . 19

• အထောက်အထား ပြည့်စုံမှု မရှိသော ကုန်ပစ္စည်းများ . . . 20

• အကောက်ခွန် ရှင်းလင်းခြင်းနှင့် စစ်ဆေးခြင်း အဆင့်ကို ကျော်ဖြတ်နိုင်ခြင်း မရှိသည့် ပစ္စည်းများ . . . 20

• တရုတ်နိုင်ငံသို့ စားသောက်ကုန် တင်ပို့မည့်သူများထံ အကြံပြုချက် . . . 21

• မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ (နယ်စပ်ကုန်သွယ်ရေးနည်းလမ်း အပါအဝင်) တင်ပို့ခဲ့သော စားသောက်ကုန်များ၏ စာရင်း (H.S Code အလိုက်) . . . 24

 

 

 

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 21 November 2023 08:59
Rate this item
(0 votes)