Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတန်ချိန် ၃၃၉၄ တန်တင်ပို့နိုင်

မြန်မာနိုင်ငံတွင် တစ်သျှူးငှက်ပျောကို စိုက်ပျိုးကာ တရုတ်နိုင်ငံသို့ နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိရာ ယခုနှစ်တွင်

လွယ်ဂျယ်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတန်ချိန် ၃၃၉၄ တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံက သိရသည်။

 

တစ်သျှူးငှက်ပျောကို တရုတ်နိုင်ငံသို့ နှစ်စဉ်တင်ပို့ ရောင်းချလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ စက်တင်ဘာအထိ တန်ချိန် ၁၅၁၃၈ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၆၈ သန်း တင်ပို့ရောင်းချနိုင်ခဲ့သည်။ ယခင်နှစ်ကထက် တန်ချိန် ၃၃၉၄ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄၆ သန်း ပိုမိုတင်ပို့ရောင်းချကြောင်းသိရသည်။

 

တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်ရှိ မိုးမောက်မြို့နယ်၊ ရွှေကူမြို့နယ်၊ မံစီမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ငါးအိုးမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။

 

Source: MDN

Read times
Rate this item
(0 votes)