Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက်တွေ့စေမယ့် ကင်းမွန်ကြွပ်ကြော်

ထမင်းဘူးအတွက် မေမေများ စိတ်ပူစရာမလိုဘဲ အိမ်တွင်လွယ်လင့်တကူ ချက်ပြုတ်နိုင်ပြီး ကလေးများ

အကြိုက်တွေ့စေမည့် ကင်းမွန်ကြွပ်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကင်းမွန်၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊ ကြက်ဥ၊ ဂျုံ၊ ပေါင်မုန့်ခြောက်၊ ဆီ၊ မရောနိစ်၊ ငရုတ်ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကင်းမွန်ငါးများကို ရေဆေးသန့်စင်ပြီး အကွင်းလေးများဖြစ်အောင် လှီးထားပါ။

 

ပြီးလျှင် ပန်းကန်တစ်ချပ်ထဲသို့ ကင်းမွန်၊ ကြက်သားမှုန့်၊ ငရုတ်ကောင်း၊ နှမ်းဆီ များဖြင့် ရောနယ်လိုက်ပါ။

 

ပြီးနောက် ဂျုံ၊ ကြက်ဥတို့ဖြင့်လည်း ရောနယ်၍ နှပ်ထားပေးပါ။

 

ပြီးရင်တော့ မီးဖိုပေါ်သို့ ဒယ်အိုးကို တင်ပြီး ဆီထည့်၍ မီးအပူပေးလိုက်ပါ။ ဆီပူလာလျှင်တော့ နယ်ထားတဲ့ ကင်းမွန်များကို ပေါင် မုန့်ခြောက်များဖြင့် ကပ်ပြီး ကြော်လိုက်ပါ။

 

ကင်းမွန်များ ကြွပ်ရွပြီး ရွှေဝါရောင်သန်းလာပြီဆိုလျှင်တော့ ဇကာထဲသို့ ဆီစစ်ဖို့ ထည့်ထားပါ။ ပြီးရင်တော့ ပန်းကန်ထဲသို့ မရောနိစ် နှင့် ငရုတ်ဆီထည့်ပြီး ကင်းမွန်ကြွပ်ကြော်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read More >>>>>  မလေးရှားစတိုင်လ် ငါးပိကြက်သားကြော်

Read times Last modified on Tuesday, 18 September 2018 11:50
Rate this item
(3 votes)