Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


အေးခဲ အသားမှာ COVID – 19 ပိုးတွေ့လို့ တရုတ်က တင်သွင်းခွင့် ယာယီ ပိတ်ပင်

အေးခဲ အသားမှာ COVID – 19 ပိုးတွေ့လို့ တရုတ်က တင်သွင်းခွင့် ယာယီ ပိတ်ပင် Google

နိုင်ငံတကာကနေ တင်သွင်းနေတဲ့ အေးခဲ အသားတွေမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရတဲ့အတွက် တရုတ်အစိုးရက

တင်သွင်းမှုတွေကို ယာယီ ပိတ်ပင်မှာဖြစ်လို့ မြန်မာနိုင်ငံက တင်ပို့နေတဲ့ အေးခဲ အသားတွေလည်း ပိတ်ပင်ခံရနိုင်သည်လို့ သိရသည်။ လက်ရှိ မြန်မာနိုင်ငံကနေ တင်ပို့နေတဲ့ အေးခဲ အသားတွေကို မြန်မာ- တရုတ် နယ်စပ် ကျင်စန်းကျော့ ဂိတ်ကနေ တင်ပို့ နေတာ ဖြစ်ပါသည်။

 

“အေးခဲသား တင်ပို့မှုတွေကို ပိတ်ပင်တော့မယ့် အကြောင်း တရုတ် ကုန်သည်တွေက အကြောင်းကြားပါတယ်။ ဒါကြောင့် အခု ရက်ပိုင်းမှာ ကျင်စန်းကျော့ဂိတ် (ဝမ်တိန်ဂိတ်)ကနေ အေးခဲသား တင်ပို့မှု အရမ်းများပြား လာပါတယ်။ ကုန်သည်တွေ ကလည်း ကြိုတင် သိခွင့်ရတဲ့ အတွက် တစ်ခြား ပြည်ပ နိုင်ငံတွေကို တင်ပို့နိုင်ဖို့ ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်နေ ပါတယ်။ ဒီဘက်က ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားမယ် ဆိုပေမယ့် ပင်လယ်ရေကြောင်း ဘက်မှာရော ပိတ်ထား သလား ဆိုတာတော့ ကျနော်တို့လည်း အသိအကျ မသိရသေးပါဘူး။ ဒီဘက် ကုန်သည်တွေကတော့ ကြိုတင်ပြင်ဆင်ဖို့ အချိန်ရတဲ့အတွက် ထိခိုက်နစ်နာမှုတော့ လျော့နည်းလိမ့်မယ်လို့ ထင်ပါတယ်” လို့ မူဆယ်- နမ့်ခမ်း နယ်စပ် ကုန်သည်ကြီး များအသင်း ဥက္ကဋ္ဌ ဦးစိုင်းနွံ့ ကပြောကြားခဲ့ပါသည်။


မြန်မာနိုင်ငံ ဒေသ အနှံ့အပြားက အေးခဲ အသားတွေကို ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီ ကာလက တစ်ရက်ကို အမေရိကန် ဒေါ်လာ သန်း ၃၀ ခန့် တန်ဖိုးရှိတဲ့ ယာဉ်အစီး ၂၀ ပတ်ဝန်းကျင်နဲ့ ကျင်စန်းကျော့ (ဝမ်တိန်ဂိတ်) ကနေ နေ့စဉ်တင်ပို့ နေတာဖြစ်ပြီး ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားပြီးနောက် တင်ပို့မှု အနည်းငယ် ကျဆင်းလာပြီး လက်ရှိ တရုတ် ဘက်ကနေ အေးခဲ အသား တင်သွင်းမှု ပိတ်ပင်မယ့် သတင်းကြောင့် လက်ကျန် အချိန်မှာ တင်ပို့မှု ပိုမိုများ ပြားလာတယ်လို့လည်း သိရသည်။ အေးခဲအသား တင်သွင်းခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်မယ်ဆိုတဲ့ သတင်း ထုတ်ပြန်ချက်ကို တရုတ်အစိုးရက အတိ အကျ မထုတ်ပြန်သေးပေမယ့် တရုတ်ကုန်သည်တွေက မြန်မာဘက်ကို ကြိုတင် အသိပေးလာတာဖြစ်သည်။

 

“တရုတ်ဘက်ကို အေးခဲ ငါး၊ အေးခဲ အမဲသား တင်ပို့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ တရုတ်ဘက်က စီးပွားကူးသန်း ဆီကို စာတော့ ရောက်မလာသေးဘူး။ ဒါပေမယ့် နယ်စပ်က ကုန်သည်တွေ ဆီကတော့ ကြားရပါတယ်။ ဒီလို ဖြစ်လာရင်လည်း နှစ်ဖက် ညှိနှိုင်းရမှာပါ” လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


လက်ရှိ တရုတ်နိုင်ငံမှာ ရိုးရာ မုန့်စားပွဲတော် ကာလ ဖြစ်တဲ့အတွက် ရွှေလီ၊ ကျယ်ဂေါင်နဲ့ ဝမ်တိန်မြို့တွေမှာ ဌာနဆိုင်ရာ ရုံးတွေနဲ့ ကုန်စည်ဒိုင်တွေကို ယာယီပိတ်ထားပြီး၊ မြန်မာ-တရုတ် ကုန်သွယ် အဝင်၊ အထွက် ဂိတ်တွေကိုလည်း အောက်တိုဘာလ ၁ ရက်နေ့ ကနေ ၈ ရက်နေ့ အထိ ယာယီ ပိတ်ထားပါသည်။ အရင်က မုန့်စားပွဲတော် ကာလမှာ ၇ ရက်သာ ယာယီ ပိတ်ထားခဲ့ပေမယ့် လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ အတွက် တစ်ရက်တိုးပြီး ၈ ရက် ယာယီ ပိတ်ထားတယ်လို့ သိရသည်။

 

လက်ရှိ နယ်စပ်ဒေသ မူဆယ်မြို့ရဲ့ အဓိက ကုန်စည် အဝင်၊ အထွက် ဂိတ်ဖြစ်တဲ့ မန့်ဝိန်းဂိတ်ကနေ ပို့ကုန်၊ သွင်းကုန် ယာဉ်မျိုးစုံ ဝင်၊ ထွက် နေပြီး၊ ပန်ဆိုင်း (ကြူကုတ်) မြို့၊ ကျင်စန်းကျော့ဂိတ် ကနေ အေးခဲအသားတွေနဲ့ သစ်သီး မျိုးစုံတို့ကို အဓိက တင်ပို့နေသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)