Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မုန့်ပျားသလက်ပြုလုပ်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ပိတ်ရက်အိမ်တွင် မိသားစုဆုံတုန်းလေး အဆာပြေ

ကိုယ်တိုင်လုပ်စားလို့ရတဲ့ မုန့်ပျားသလက်ပြုလုပ်နည်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်သည့်အမယ်များကတော့ ဆန်မှုန့်၊ တစေး၊ ဆား၊ ပဲပြုတ်၊ ကြက်သွန်မိတ်၊ ရေနှင့် ဆီ တို့လိုအပ်ပါမယ်။

 

ပထမဆုံး ဆန်မှုန့်၊ ရေ၊ ဆားနှင့် တဆေးတို့ကို အရည်ဖျော်ပြီး ညသိပ်ထားပါ။ ဒယ်အိုးကို အရွယ်တော်လေးသုံးရပါမယ်။ ဒယ်အိုးအကြီးဆိုရင် မုန့်သားထူရန်အတွက် မုန့်အနှစ်ကို ပျစ်ပျစ်ဖျော်ထားပါ။

 

ဒယ်အိုးထဲကို ဆီပါရုံထည့်ပြီး မီးအပူချိန်အလယ်အလတ်ဖြင့် အပူပေးထားပါ။

 

ဒယ်အိုးပူလာလျှင် ညသိပ်ထားသော မုန့်နှစ်ကို ဇွန်းဖြင့် ခပ်ပြီးထည့်လိုက်ပါ။ ပြီးနောက် အပေါ်မှ ပဲပြုတ်နှင့် ကြက်သွန်မြိတ်ကို ဖြူးလိုက်ပါ။

 

မုန့်သားတွင် အပေါက်ကလေးများဖြစ်လာလျှင် အပေါ်မှ အဖုံးအုပ်ပြီး မိနစ်အနည်းငယ်ထားပေးပါ။ ပြီးလျှင် မီးဖိုပေါ်မှချ၍ နှမ်းထောင်းကလေးဖြူးပြီး အသင့်သုံးဆောင်နိုင်ပါတယ်။

 

နှမ်းထောင်းအတွက် နှမ်းနှင့် ဆားတို့ကို ရောထောင်းထားပါ။

Read times Last modified on Thursday, 13 September 2018 18:00
Rate this item
(1 Vote)