Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ခံတွင်းမြိန်စေမယ့် ရှူးရှဲအရသာ ရခိုင်အာလူးသုပ်

ရှူးရှဲအရသာလေးနဲ့ ခံတွင်းမြိန်စေမယ့် အပြင် လျှာလည်သွားစေပြီး အကြိုက်တွေ့စေမယ့် ရခိုင်အာလူးသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများ အာလူး၊ ပဲကြာဆံ၊ ဟင်းခတ်မှုန့်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ မရမ်းပြား၊ ငါးပိ၊ ပုစွန်ခြောက်မှုန့်၊ ဆီချက်၊ နံနံပင်တို့ဖြစ်ပါတယ်။

 

ပထမဦးဆုံး အာလူးကို ပြုတ်ထားပြီး အနေတော်အတုံးကလေးတွေဖြစ်အောင်လှီးဖြတ်ထားပါ။

 

ပြီးလျှင် ပဲကြာဆံကို နူးအောင် ခဏအပူပေးပြီး ရေအေးနဲ့ပြန်စိမ်ထားပါ။

 

ပြီးနောက် ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ငရုတ်သီးစိမ်းကို ထောင်းထားပါ။

 

ပြီးလျှင် မရမ်းပြားကို ရေနွေးနဲ့ ခပ်ပျစ်ပျစ်ဖျော်ထားပေးပါ။ ငါးပိကိုလည်း မီးကင်ပေးထားပါ။

 

ပြီးနောက်ပန်းကန်ထဲသို့ အာလူးထည့်၊ ပဲကြာဆံထည့်၊ ဆီချက်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငါးပိ၊ ပုစွန်ခြောက်မှုန့်တို့ထည့်လိုက်ပါ။

 

အားလုံးထည့်ပြီးရင်တော့ အာလူးကို မကြေအောင် ခပ်ဖွဖွလေးနယ်ထားပေးပါ။

 

ပြီးလျှင် အရသာကို မြည်းကြည့်ပါ။ အရသာမိမိစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ နံနံပင်ထည့်ပါ။

 

ပြီးရင်တော့ ရှူးရှဲအရသာလေးနဲ့ ခံတွင်းမြိန်စေမယ့် အာလူးရခိုင်သုပ်ကလေးကို မြိန်ယှက်စွာသုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(1 Vote)