Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကြာဆံချက်ချက်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူလုပ်စားလို့ရတဲ့

ကြာဆံချက်နည်း အကြောင်းကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပဲကြာဆံ၊ ကြက်ရိုး၊ ငါးဖယ်၊ မှိုခြောက်၊ ပဲခြောက်၊ ပန်းခြောက်၊ ငုံးဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်၊ ဆား၊ ငံပြာရည်၊ သကြား၊ ဆီ တို့ လိုအပ်ပါမယ်။

 

ကြက်သွန်နီ၊ နံနံပင် တို့ကို သီးသန့်တစ်ခုချင်းစီ ဆေးကြောပြီး လှီးဖြတ်ထားရန်၊ သံပရာသီးကို စိပ်ထားရန် လိုအပ်ပါတယ်။ ငံပြာရည်ကို သီးသန့်ပန်းကန်လုံးထဲတွင် ထည့်ထားပါ။

 

ပထမဆုံး ပဲကြာဆံ၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲခြောက်တို့ကို ရေဖြင့် မိနစ်အနည်းငယ်ခန့် စိမ်ထားပါ။ ဒယ်အိုးထဲ ရေထည့်ပြီး ကြက်ရိုးများကို ပြုတ်ထားပါ။

 

ကြက်ရိုးနူးပြီဆိုရင် မီးပိတ်၍ ကြက်ရိုးများကို ဆယ်ယူကာ အအေးခံပြီး အသားများနွှင်ထားပေးပါ။

 

ငါးဖယ်ကို ဆား၊ ကြက်သားမှုန့်၊ ငရုတ်သီးမှုန့်တို့နှင့် သမအောင်ရောနယ်ပြီး ငါးဖယ်ကို အပြားလေးများပြုလုပ်ကာ ဆီများများဖြင့် ကြော်ထားပြီး အေးလျှင် ပါးပါးလှီးထားပါ။

 

ပြီးနောက် ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသတ်ပေးပါ။ နနွင်းမှုန့်၊ အရောင်တင်မှုန့်တို့ကို ထည့်ပြီး အသားနွှင်းထားသော ကြက်သားများကို ထည့်လိုက်ပါ။ အပေါ့အငန်မြည်းပြီး မီးပိတ်ထားပါ။

 

ပန်းကန်ပြားတစ်ခုထဲသို့ ပဲကြာဆံ၊ ပန်းခြောက်၊ မှိုခြောက်၊ ပဲခြောက်၊ ငုံးဥ၊ ချက်ပြီးသားကြက်သား၊ ငါးဖယ်တို့ကို ကြာဆံချက်အိုးထဲသို့ထည့်ရန် အသင့်ပြင်ဆင်ထားပါ။

 

စောစောက ကြက်ပြုတ်ရည်ကို ဆူအောင် ပြန်တည်ထားပါ။ ရေဆူလာလျှင် ပဲကြာဆံ၊ ပန်းခြောက်၊ မှိုခြောက်၊ ပဲခြောက်၊ ငုံးဥ၊ ချက်ပြီးသားကြက်သား၊ ငါးဖယ်တို့ကိုထည့်ပြီး အဖုံးအုပ်ထားပါ။

 

အရသာအပေါ့အငန်မြည်းပြီး အနေတော်ဆိုလျှင် မီးပိတ်နိုင်ပါတယ်။ ပြီးလျှင် ပန်းကန်လုံးထဲသို့ ကြာဆံချက် ထည့်ပြီး အပေါ်မှ ကြက်သွန်နီ၊ နံနံပင်၊ သံပရာသီး ညှစ်ပြီး ကြာဆံချက်ပူပူလေးကို သုံးဆောင်နိုင်ပါတယ်။


Read times Last modified on Thursday, 13 September 2018 17:58
Rate this item
(1 Vote)