Myanmar



မန္တလေး ဟင်းသီးဟင်းရွက်နှင့် အသီး ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 25 5 2023

မန္တလေး ကိုင်းတန်းဈေးတွင် ခရမ်းချဉ်(ရှမ်းတောင်)များ ဝင်ရောက်ပြီး ၂၀ ပိဿာ တစ်သေတ္တာတွင် ၁၆၀၀၀ ကျပ် ဈေးရှိပြီး မြို့တွင်းသုံးဝယ်ယူမှုများသာရှိသည်။မြစ်ကြီးနား ၊ လုံးခင်း တင်ပို့ရမှုနည်းသည်။

ငရုတ်စို (ရှည် နှင့် လတ်)မှာလည်း မုံရွာ ၊ ချောင်းဦး ၊ရွှေဘိုတို့မှ ဝင်ရောက်ပြီး ခူးဆွတ်မှုနည်း ၊ အဝင်နည်းသဖြင့်

 ငရုတ်စို(ရှည်) တစ်ပိသာ ၆၅၀၀ ကျပ် ၊ 

(လတ်) တစ်ပိဿာ ၈၀၀၀ ကျပ်ဖြင့် 

ဈေးတည်ငြိမ်နေသည်။ 

    

သစ်သီးဝလံဈေးအနေဖြင့် 

မိတ္ထီလာမှ ဖရဲသီးများ တစ်လုံး ၃၀၀၀ ကျပ် ၊

သခွားမွှေး တစ်လုံး ၂၀၀၀ ကျပ် ၊ 

သီပေါနာနတ်သီး တစ်လုံး ၅၀၀ ကျပ် ၊ 

ဂျပန်နာနတ် တစ်လုံး ၄၀၀ ကျပ်ဈေးရှိသည်။ 

ရမည်းသင်းမှ စပျစ်သီး တစ်ပိဿာ ၇၅၀၀ ကျပ် ၊ 

တရုတ် စပျစ်သီး ၆ ပိဿာ တစ်ခြင်း ၆၂၀၀၀ ကျပ် ၊ 

စိန်တစ်လုံးသရက် အိတ်စွပ်မှာ အရည်အသွေးပေါ်မူတည်၍ ၃၀၀ ကျပ် မှ ၆၀၀ ကျပ်ဈေးရှိသည်။ 

သစ်သီးပွဲရုံများမှ သစ်သီးမျိုးစုံကို မြစ်ကြီးနား ၊ လောက်ကိုင် ၊ မူဆယ် ၊ လားရှိုး ၊ စစ်တွေ ၊ မော်လမြိုင် ၊ ရန်ကုန် နှင့် အမှာရှိသော မြို့များသို့ တင်ပို့ရောင်းဝယ်မှုရှိသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Friday, 26 May 2023 18:45
Rate this item
(0 votes)