Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သာကူ အုန်းနို့ဆမ်းပြုလုပ်နည်း

သာကူ အုန်းနို့ဆမ်းပြုလုပ်နည်း google.com

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ သင်္ကြန်ပိတ်ရက်အတွင်း

အလှူဒါနပြုလုပ်ချင်လို့ပဲဖြစ်ဖြစ်၊ အိမ်တွင်ပဲလုပ်စားချင်လို့ပဲဖြစ်ြဖစ် သာကူအုန်းနို့ဆမ်းပြုလုပ်နည်းကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ သာကူ၊ အုန်းနို့၊ ထန်းလျက်၊ ဆား၊ Padan အရည်၊ ဆူးမွှေးရွက်၊ ငှက်ပျောရွက်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ရေကို ပွက်ပွက်ဆူအောင်တည်ထားပေးရပါမယ်။ ပြီးမှ သာကူများကိုထည့်ပြီး မွှေပေးပါ။ မမွှေပေးပါက သာကူစေ့များ ကပ်သွားပါလိမ့်မယ်။

 

သာကူထဲမှ အဆံလေးများမရှိတော့လျှင် ရေအေးဖြင့် ပြန်စိမ်ပြီး ဇကာဖြင့် ပြန်ဆယ်ပေးထားပါ။ သာကူကို ပန်းကန်နှစ်ခုထဲ ညီတူညီမျှ ခွဲထည့်ပါ။

 

ပန်းကန်တစ်ခုထဲကို Padan အရည်ထည့်ပြီး အစိမ်းရောင်သာကူအားလုံး ဖုံးသွားသည်အထိ သမအောင်မွှေပေးပါ။

 

ပြီးနောက် ငှက်ပျောရွက်ကို မီးအနည်းငယ်ပြပြီး ကန်တော့ပုံ ပြုလုပ်ရပါမယ်။

 

ငှက်ပျောရွက်ထဲသို့ သာကူအဖြူကို ကန့်တော့တစ်ဝက်ထည့်၊ အပေါ်မှ သာကူအစိမ်းရောင်ထည့်ပါ။

 

ပြီးလျှင် တြိဂံပုံ ငှက်ပျောရွက်ကို သွားကြားထိုးတံဖြင့် ပိတ်ပြီး အထုပ် ထုပ်ပါ။ ၎င်းနည်းအတိုင်း ကျန်သာကူ များကို အထုပ် ထုပ်ပေးပါ။

 

၎င်းနောက် ငှက်ပျောရွက်နှင့် ထုပ်ထားသော သာကူများကို ရေခဲသေတ္တာ အပေါ်ထပ်တွင် နာရီဝက်ခန့် အအေးခံထားပါ။

 

သာကူ အအေးခံထားစဉ် ဒယ်အိုးထဲသို့ အုန်းနို့နှင့် ဆားထည့်ပြီး မီးနည်းနည်းနှင့် မိနစ်အနည်းငယ်ခန့် တည်ထားပေးပါ။ အမြှုပ်များ ထလာလျှင် မီးပိတ်ပြီး အအေးခံထားရပါမယ်။

 

၎င်းနောက် ထန်းလျက်ကို ဒယ်အိုးထဲ ထည့်၊ ရေထည့်ပြီး ထန်းလျက်ပျော်သည်အထိ တည်ထားပါ။

 

သာကူအအေးခံပြီးလျှင် ငှက်ပျောရွက်ကိုဖယ်၍ ပန်းကန်တစ်ခုထဲထည့်လိုက်ပါ။ အပေါ်မှ အုန်းနို့ရည်နှင့် ထန်းလျက်ရည်ဆမ်းကာ အရသာရှိတဲ့ သာကူအုန်းနို့ဆမ်းကို အသင့်သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 17:57
Rate this item
(1 Vote)