Myanmar
မန္တလေး မြီးရှည်လုပ်နည်း
မန္တလေးမီးရှည်ကို ဆိုင်တွင် သွားစားစရာမလိုဘဲ အိမ်တွင်လည်း ကိုယ်တိုင်လုပ်နိုင်ပြီး လုပ်ရတာ
အရမ်းလွယ်ပါတယ်။ အောက်တွင် မန္တလေးမြီးရှည်ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ မြီးရှည်အဖတ်၊ ကြက်သား (သို့) ၀က်သား၊ မုန်ညင်းချဉ်၊ ကော်မှုန့်၊ အီကြာကွေး၊ သကြား၊ ဟင်းခတ်မှုန့်၊ ကြက်သွန်ဖြူ၊ တရုတ်နံနံ၊ ပဲငပိအချို၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးဆီချက်၊ ပဲပင်ပေါက် တို့လိုအပ်ပါမယ်။ အကြွပ်ကြော်နှင့် ၀က်ဆီဖတ်ကြော်ကို မိမိကြိုက်နှစ်သက်လျှင် ထည့်နိုင်ပါတယ်။
ပထမဆုံး မြီးရှည်အခြောက်ဖတ်ကို အရင်ပြုတ်ထားရပါမယ်။
ပြီးလျှင် ကြက်သား (သို့ ) ၀က်သားကို ရေဆေးသန့်စင်ပြီးလျှင် ဆား၊ သကြား၊ ဟင်းခတ်မှုန့်ထည့်၍ ရေများများနဲ့ တည်ထားပါ။ အရည်ကို ဟင်းရည်အနေနဲ့လဲ သောက်လို့ ရပါတယ်။
မုန့် ညင်းချဉ်ကို အသေးလေးတွေလှီးပါ။ ကော်မှုန့်ကိုရေအေးနဲ့ အရင်ဖျော်ပြီး ကော်မှုန့်လုပ်မယ့်အိုးထဲမှာ ကြိုလိုက်ပါ။ ပြီးနောက် ကော်မှုန့်အရမ်းပစ်ပြီး အေးသွားရင် အရမ်းခဲသွားတတ်ပါတယ်။ ခဲသွားရင် ရေထည့်ပြီး မီးဖို ပေါ်ပြန် တည်လိုက်ပါ။ ကော် ပြန်ကျဲသွားပါလိမ့်မယ်။
ပြီးနောက် အီကြာကွေးကို ကတ်ကြေးနဲ့ အသေးလေးတွေဖြစ်အောင်ညှပ်ပါ။ တချို့ ကအကြွပ်ကြော်နဲ့ စားကြပြီး တချို့က ၀က်ဆီဖတ်ကြော်နဲ့စားကြပါမယ်။
ပြီးရင်တော့ ကြက်သွန်ဖြူကို မညက်တညက်ထောင်းပါ၊ တရုတ်နံနံ ကိုကတ်ကြေးနဲ့ ညှပ်ပြီး ပန်းကန်တစ်လုံးထဲထည့်လိုက်ပါ။ ပြီးရင် ရေနွေးလောင်းလိုက်ပါ။ ပဲပင်ပေါက်ကို ရေဆေးပြီး နွေးဖျောထားပါ။
စားခါနီးရင်တော့ မြီးရှည်ဖတ်၊ ပဲပင်ပေါက်၊ ကော်ရည်၊ အသား၊ အီကြာကွေး၊ ကြက်သွန်ဖြူနဲ့တရုတ်နံနံ၊ အကြွပ်ကြော်၊ မုန်ညင်းချဉ်၊ ဟင်းခတ်မှုန့်၊ သကြား၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးဆီချက်၊ ပဲငပိအချိုတို့ကိုပန်းကန်လုံးတစ်လုံးထဲထည့်ပြီး အားလုံးကို သမအောင် ရောမွှေလိုက်ပါ။
ပြီးရင်တော့ အပေါ့အငန်မြည်းကြည့်ပြီး သင့်စိတ်ကြိုက် မန္တလေးမုန့်တီကို အိမ်တွင်လည်း ၀၀လင်လင် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။