Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပုစွန်ကျောက်ပွင့်သုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ပိတ်ရက်တွင် မိသားစု သို့မဟုတ် သူငယ်ချင်းများနှင့်

ဆုံတုန်းလေး လွယ်လင့်တကူ အိမ်တွင် ပြုလုပ်စားသောက်နိုင်တဲ့ ပုစွန်ကျောက်ပွင့်သုပ် လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပုစွန်ထုပ်၊ ကျောက်ပွင့်၊ ဆီချက်၊ ငံပြာရည်၊ သံပရာသီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင် တို့ လိုအပ်ပါမယ်။

 

ပုစွန်ကို အခွံနွှာ ရေသန့်စင်ပြီး ပုစွန်များကို မီးဖိုပေါ်တွင် ကင်ထားပေးပါ။ ကျက်ပြီဆိုလျှင် အရှည်လိုက်လှီးထားပေးပါ။ ပြီးလျှင် ကျောက်ပွင့်များကို ရေစိမ်ထားပါ။

 

ပြီးနောက် လှီးထားသော ပုစွန်ကင်ထဲသို့ ရေစိမ်ထားသော ကျောက်ပွင့်ကိုထည့်လိုက်ပါ။ ပြီးလျှင် ဆီချက်၊ ငံပြာရည်၊ သံပရာသီး၊ သကြား၊ ဆား တို့ နှင့်ရောနယ်လိုက်ပါ။

 

အပေါ့အငန်မြည်းကြည့်ပြီးလျှင် ပန်းကန်လုံးထဲသို့ ထည့်လိုက်ပါ။ ၎င်းနောက် ပါးပါးလှီးပြီး ရေဆေးထားသော ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်နှင့် ကြက်သွန်ဖြူကြော်တို့ကို အပေါ်မှတင်လိုက်လျှင် အရသာရှိသော ပုစွန်ကျောက်ပွင့်သုပ်ကို အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:18
Rate this item
(1 Vote)