Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးရှဥ့်ခြောက်စပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ငါးရှဥ့်ကြိုက်သူများအတွက် အိမ်တွင် လွယ်လင့်တကူချက်စားနိုင်တဲ့

ငါးရှဥ့်ခြောက်စပ်ကြော် ပြုလုပ်နည်းကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ငါးရှဥ့်၊ ကော်မှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်မြိတ်၊ ဟင်းခတ်မှုန့်၊ ဆား၊ ငရုတ်သီးအခြောက်၊ ဆီ၊ ငရုတ်ကောင်း၊ ငါးငံပြာရည် တို့ လိုအပ်ပါမယ်။

 

ငါးရှဥ့်ကိုရေဆေးသန့်စင်ပြီး ဆူနေသော ရေနွေးအိုးထဲသို့ ငါးရှဥ့်များကို ထည့်လိုက်ပါ။ ကျောဘက်ပိုင်းအက်ကွဲလာပြီဆိုလျှင် ငါးရှဉ်များကိုဆယ်ကာ အသားများကို အမြှောင်းလိုက်ပါအောင် ခွာယူပြီး အသားများကို ဟင်းခတ်မှုန့်နှင့် ဆားနယ်ထားပေးပါ။

 

ပန်းကန်တစ်ချပ်ထဲသို့ ကော်မှုန့်ဖြန့်ထည့်ကာ နယ်ထားသော ငါးရှဥ့်အသားများနှင့် သမအောင် နယ်ရမည်။ ငါးရှဥ့်သားများ လုံးထွေးမသွားအောင် အနည်းငယ်စီခွဲ၍ နယ်ပါ။

 

ဒယ်အိုးထဲသို့ ဆီထည့်ပြီး ငါးရှဥ့်ကို အရောင်နီလာတဲ့အထိ ကြော်ပေးပါ။

 

ပြီးလျှင် ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်၊ ကြိတ်ထားသောချင်းနှင့် ဟင်းခတ်မှုန့်၊ ပဲငံပြာရည်တို့ကိုထည့်ပြီး ဆီသတ်ပေးထားပါ။

 

အနံ့မွှေးလာပါက ကြော်ထားသော ငါးရှဥ့်နှင့် ကြက်သွန်ကြော်ကို ရော၍ ထည့်မွှေပေးပါ။

 

ပြီးနောက် မီးဖိုပေါ်မှချ၍ ကြက်သွန်မြိတ်လှီးပြီးထည့်လိုက်ပါ။ ငရုတ်ကောင်းကြိုက်သူများအတွက် ငရုတ်ကောင်းဖြူးကာ ငါးရှဥ့်ခြောက်စပ်ကြော်ကို အသင့်သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Monday, 17 September 2018 13:18
Rate this item
(1 Vote)