Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


နှစ်နိုင်ငံအကြား G TO G စာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀,၀၀၀ ကျော် တင်ပို့ပြီး

နှစ်နိုင်ငံအကြား G TO G စာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀,၀၀၀ ကျော် တင်ပို့ပြီး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအစိုးရတို့အကြား ဆန်စပါး ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding - MoU) ကို  ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါနားလည်မှု စာချွန်လွှာအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ် အများဆုံး ဆန်ဖြူတန်ချိန် (၂၅၀၀၀၀) ထိနှင့် ပေါင်းဆန် တန်ချိန် (၅၀၀၀၀)ထိ တို့အား တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။ အဆိုပါ MoU အရ မြန်မာနိုင်ငံမှာ Myanmar Rice Federation – MRF နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate General of Food တို့မှ ဧည့်မထ ၅% တန်းမြင့်ဆန် တန်ချိန် (၂၀၀၀၀၀) တင်ပို့ရန် သဘောတူ စာချုပ် (Sales Contract) ကို ချုပ်ဆိုခဲ့ပြီး တင်ပို့နိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ Sales Contract အရ  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံမှ ဆန်တန်ချိန် (၂၀,၀၀၀) ကျော် တင်ပို့နိုင်ခဲ့ပြီးဖြစ်သည်။  တင်ပို့ရန် ကျန်ရှိသည့် ဆန်များအနက် ဆန်တန်ချိန် (၁၅,၀၀၀) ကျော်မှာ သင်္ဘောတင်ဆဲဖြစ်ပြီး ကျန်ရှိသည့် ဆန်တန်ချိန် (၁၅၀၀၀၀) ကျော်ကို သတ်မှတ်ကာလအတွင်း ပြည့်မီအောင်တင်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Source commerce

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Thursday, 03 November 2022 11:38
Rate this item
(0 votes)