Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်သားသုံးထပ်သားသုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူ သုပ်စားလို့ရတဲ့

ဝက်သားသုံးထပ်သား သုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ၀က်သားသုံးထပ်သား၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ နံနံပင်နှင့် သံပရာသီးတို့ လိုအပ်ပါမယ်။

 

ဝက်သားသုံးထပ်သားကို အရင်ဆုံး အတုံးလေးတွေလှီးပြီး ရေသန့်စင်အောင်ဆေးကြောထားပါ။ ပြီးတွင် ရေနွေးပွက်ပွက်ဆူနေသော အိုးထဲသို့ ထည့်၍ ပြုတ်ထားပါ။

 

ဝက်သားကျက်ပြီဆိုရင် ပြန်ဆယ်ပြီး ပန်းကန်လုံးထဲသို့ထည့်ပြီး အအေးခံထားပါ။

 

ကြက်သွန်ဖြူကို ဆီချက်ချက်ထားပါ။ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။ နံနံပင်ကိုလည်း လက်တစ်ဆစ်ခန့် လှီးဖြတ်ထားပါ။

 

ပြီးနောက် ပြုတ်ထားတဲ့ ၀က်သားသုံးထပ်သားနှင့် ပါးပါးလှီးထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ သံပရာရည်တို့နှင့် ဆီချက်ထည့်သုပ်ကာ အရသာမြည်းကြည့်ပြီးလျှင် အသင့်သုံးဆောင်နိုင်တဲ့ ၀က်သားသုံးထပ်သားချဉ်ငံစပ်အသုပ်လေးကို ဟင်းချိုနှင့်တွဲဖက်၍ အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:43
Rate this item
(2 votes)