Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အာလူးအကြွပ်ကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ကလေးများအတွက် အာဟာရဖြစ်စေမည့်အပြင်

ကလေးများကြိုက်နှစ်သက်တဲ့ အာလူးအကြေကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ အာလူး၊ ကြက်သွန်နီ၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး အာလူးကို နူးနေအောင် ပြုတ်ထားပေးပါ။ ပြုတ်ပြီးရင် အအေးခံပြီး အခွံနွှာထားရပါမယ်။

 

ပြီးလျှင် ညက်နေအောင်ထောင်းပြီး ဆား၊ ဟင်းခတ်မှုန့်ထည့်ပြီး နယ်ပေးထားပါ။ ကြက်သွန်နီပါးပါးလှီးပြီးလျှင် ဆီအိုးထဲသို့ နနွင်းမှုန့်ထည့်ပြီး ကြော်ပေးထားပါ။

 

ပြီးရင် ကြက်သွန်နီကို ဆယ်ပေးထားပါ။ ဒယ်အိုးထဲသို့ ထောင်းထားတဲ့အာလူးကိုထည့်ကြော်ပါ။ ယောင်းမနဲ့ပိပြားသွားအောင် တစ်ဖက်တစ်ချက်ကို လှန်ပေးပါ။ နောက်ထပ် အာလူးအဖတ်တွေဖြစ်အောင် အကြွပ်ကြော်လို့လည်းရပါတယ်။

 

အာလူးကြွပ်ရွလာတာနဲ့ အပေါ်ကနေ ကြက်သွန်ကြော်ကို ဖြူးပေးပါ။ ပြီးနောက် အရသာရှိသော အာလူးအကြွပ်ကြော်လေးကို အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:41
Rate this item
(1 Vote)