Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဘူးညွှန့်နှင့် ငါးကြော်တွဲချက်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူနှင့်ပေါ့ပေါ့ပါးပါးချက်ပြုတ်နိုင်တဲ့

ဘူးညွန့်နှင့် ငါးကြော်တွဲချက်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဘူးညွန့်၊ ငါး၊ ချင်း၊ ဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ဆီ၊ ငရုတ်သီးစိမ်းတို့ လိုအပ်ပါမယ်။



ပထမဦးဆုံး ငါးကို ကြော်ပြီး အသားနွှင်ထားပါ။ ပြီးလျှင် ဘူးညွန့်ကို အရွက်ချွေပြီး ရေဆေး သန့်စင်ဆေးကြောပြီး ရေစစ်ထားပါ။

 

ပြီးနောက် ဒယ်အိုးကို မီးဖိုပေါ်သို့တင်ပြီး ဆီထည့် အပူပေးပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ နနွင်းမှုန့်တို့ကို ငါးကြော်ထွင်ပြီးသားနှင့် တွဲ၍ ဆီသတ်ပါ။

 

ကျက်ပြီဆိုလျှင် ထွင်ထားသောဘူးညွှန့်နှင့် ရေအနည်းငယ် ထည့်ကြော်ပြီး မြည်းကြည့်၍ ဟင်းခတ်မှုန့်၊ ငရုပ်ကောင်းမှုန့်တို့ထည့်လိုက်ပါ။

 


ဘူးညွှန့်များနူးလျှင်  ငရုတ်သီးစိမ်းကို အပေါ်ယံမှထည့်၍ ထမင်းပူပူလေးနှင့် အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:40
Rate this item
(1 Vote)