Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


လူကြီးနဲ့ ကလေးတွေအကြိုက်တွေ့စေမယ့် မုန့်ပေါင်း

အိမ်မှာ လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ မုန့်ပေါင်းလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါယ်။

 

ပါဝင်ပစ္စည်းများကတော့ ဆန်မှုန့်၊ ဆား၊ ရေနွေးလိုအပ်ပါမယ်။ အုန်းယိုထိုးဖို့အတွက် ထန်းလျက်ခဲ၊ အုန်းသီးဖတ်၊ ပဲလွန်း၊ ရေ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဆန်မှုန့်ကို ဇလုံထဲမှာထည့်၍ ရေနွေးဆူပွက်တဲ့အထဲကို  ဖြည်းဖြည်းချင်းစီထည့်လိုက်၊ နယ်လိုက် ၊ မွှေလိုက် လုပ်ပေးပါ။

 

ပထမ ခပ်စိုစိုအနေနဲ့ ဆန်သားမွှမွှလေးတွေ ရလာပါမယ်။ တဖြည်းဖြည်းနဲ့ လုံးလာပါမယ်။

 

အဲဒီလို လုံးထွေထွေဖြစ်နေတဲ့ ဆန်မှုန့်၊ မုန့်ညက်သား အတုံးလေးကို လက်နဲ့ကိုင်လို့ ရလောက်အောင် မပူတော့ဘူးဆိုရင် ဆန်ခါတိုက် ရပါမယ်။

 

ဆန်ကာစိပ်ပေါ်မှာ ဖိချပြီး တိုက်ရတာပါ။ မုန့်အမှုန့် အစိလေးတွေ ခပ်မွှမွှရလာပါမယ်။ ပြီးရင်တော့ မုန့်ပေါင်းအတွက် မုန့်ညက်သားကို ရပါပြီ။


ထန်းလျက်ယိုအတွက် ထန်းလျက်နဲ့ရေကို မီးအေးအေးနဲ့ ပျော်အောင် တည်ထားပါ။

 

Read More >>>>>   ကိုယ်တိုင်ကိုယ်ကျ စွန်တန်ခြောက်ပြုလုပ်နည်း

 

ပြီးလျှင် ထန်းလျက်ရည်ကို စစ်ပါ။ နည်းနည်းပျစ်လာရင် အုန်းသီးဖတ်ကို ထည့်မွှေပါ။

 

ပြီးနောက် ခပ်ခြောက်ခြောက်လေးဖြစ်လာရင် ရပါပြီ။

 

မုန့်ညက်သားလည်းရပြီ။ ပဲလွန်းနဲ့ အုန်းယိုရပြီ။

 

မုန့်ပေါင်းလုပ်ဖို့အတွက် မုန့်ထည့်ရန် ခွက်ကလေးက ရှိရပါမယ်။

 

ရေနွေးဆူဆူအိုးပေါ်မှာ ဆန်ကာတင်ထားလိုက်ပါ။ ပြီးနောက် ပိတ်စပါးပါးလေးတစ်ခုပါ တင်လိုက်ပါ။

 

မုန့်ပေါင်းက မထူမပါးနေမှ အကျက်ညီပြီး စားလို့လည်းကောင်းတာမို့  ခွက်ကလေးကို မုန့်သားထည့်ရန်အတွက် မုန့်သားဖြည့်ပါ။

 

ပဲလွန်းလေးကို ဖြူးပြီး မုန့်သားကို အနည်းငယ်ဖိကာ ရေနွေးဆူဆူပေါ်က ပိတ်ပါးပေါ်ကို မှောက်လိုက်ပါ။  မုန့်က ပိတ်ပါးပေါ် ရောက်ပြီဆိုရင် မုန့်ပေါ်ကို ပိတ်ပါးလေး ပြန်အုပ်ပေးပြီး အဖုံးအုပ်ထားပေးပါ။


မုန့်ပေါင်းက ရေနွေးငွေ့လုံဖို့လိုတာမို့ ဘေးက အဝတ်စိုတစ်ခုပါ ပတ်လိုက်ပါ။

 

နှစ်မိနစ်ခန့်ပေါင်းပြီးရင် မုန့်ပေါင်းလေး အဆင့်သင့်ဖြစ်ပါပြီ။

 

အုန်းယိုနဲ့ လုပ်မယ်ဆိုရင် မုန့်သားကို နည်းနည်းပဲထည့်ပြီး အလယ်မှာ နည်းနည်း ခွက်စေကာ အုန်းယိုကိုထည့်၊ မုန့်သားပြန်အုပ်ကာ ခပ်ဖွဖွဖိပြီး အထက်ပါအတိုင်း ပေါင်းပေးရင်တော့ ရပါပြီ။

Read times Last modified on Thursday, 23 May 2019 15:40
Rate this item
(2 votes)