Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်ကချင်ချက်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ထမင်းစားမြိန်စေမည့်ဟင်းလျာတစ်မျိုးဖြစ်တဲ့

ဝက်ကချင်ချက်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ၀က်သား၊ မျှစ်ချဉ်၊ ကြက်သွန်ဖြူ။ ချင်း၊ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ပင်စိမ်း၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီ၊ ချဉ်စော်ခါးသီးခြောက်၊ ဖက်ဖယ်ရွက်တို့ လိုအပ်ပါတယ်။



ပထမဆုံး ၀က်သားကို အတုံးကလေးများတုံး၍ ရေဆေးသန့်စင်ဆေးကြောပြီး ကြက်သွန်ဖြူ၊ ချင်း၊ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်တို့ဖြင့်သမအောင် ရောနယ်ပြီး မိနစ်အနည်းငယ် နှပ်ထားပေးပါ။

 


ပြီးလျှင် နံနံပင်၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ဖက်ဖယ်ရွက် တို့ကို ညက်ညက်ထောင်းပေးထားပါ။



ချဉ်စော်ခါးသီး ခြောက်များကို မိနစ်အနည်းငယ်ခန့် ရေစိမ်ထားပေးပါ။


ပြီးနောက် ဒယ်အိုးထဲ ဆီထည့် ဆီပူလာလျှင် ငရုတ်သီးမှုန့်ထည့်ပြီး နှပ်ထားသော ၀က်သားများကို ထည့်၍ မိနစ်အနည်းငယ် ရောမွှေပေးပါ။



ပြီးမှ ချဉ်စော်ခါးသီးစိမ်ထားတဲ့အရည်၊ ရေ၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆား၊ ဟင်းခတ်မှုန့်ထည့်ကာ အဖုံးအုပ်ပြီး ၀က်သားကျက်သည်အထိ တည်ထားပါ။



ဝက်သားကျက်ခါနီးတွင် မြေအိုးထဲ ပြောင်းထည့်ပြီး မျှစ်ချဉ်ထည့်ကာ နောက်ထပ် မိနစ်အနည်းခန့် တည်ပေးပါ။ မနူးသေးလျှင် ရေထပ်ထည့် တည်ပေးပါ။

 

ဝက်သားပေါ်ရုံ ရေကျန်လျှင် အပေါ့အငန်မြည်းကြည့်၍ အပေါ်မှ နံနံပင်၊ ဖက်ဖယ်ရွက်၊ ပင်စိမ်းအုပ်ပေးပြီးလျှင်း မီးလျှော့လိုက်ပါ။

 

ပြီးလျှင်တော့ အရသာရှိသော ၀က်ကချင်ချက်ကို ထမင်းပူပူလေးဖြင့် တွဲဖက်သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Monday, 17 September 2018 13:41
Rate this item
(1 Vote)