Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးခေါင်းနှင့် ချဉ်ပေါင်ဟင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင်မိသားစုထမင်းမြိန်စေမည့်

ငါးခေါင်းနှင့် ချဉ်ပေါင်ဟင်းရည်ချက်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ငါးခေါင်း၊ ချဉ်ပေါင်ရွက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငံပြာရည်၊ ငရုတ်သီးအစိမ်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆား၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ရေဆေးထားသော ချဉ်ပေါင်ရွက်များကို စစ်ထားပါ။ ငါးခေါင်းများကို ရေစင်အောင် ဆေးကြောသန့်စင်ထားပါ။

 

ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုတို့ကို ကြိတ်ထားပါ။ ပြီးလျှင် ငရုတ်သီးအစိမ်းမှုန့်တို့နှင့်ရောပြီး ငါးခေါင်းကို အရင် ဆီသတ်၍ သတ်သတ်ဖယ်ထားပါ။

 

ပြီးနောက် ဒယ်အိုးထဲသို့ ချဉ်ပေါင်ရွက်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်များထည့်ပြီး ချဉ်ပေါင်ရွက်ကျေအောင် အရင်ချေထားပါ။

 

ပြီးလျှင် ဆီသတ်ထားသော ငါးခေါင်းများကို ထည့်လိုက်ပြီး ရေအသင့်အတင့်ထည့်၍ ငါးခေါင်းများ ဆူလာပါက အပေါ့အငန်မြည်းကာ မီးဖိုပေါ်မှ ချနိုင်ပါပြီ။

 

ပြီးလျှင်တော့ အရသာရှိသော ငါးခေါင်းနှင့် ချဉ်ပေါင်ဟင်းကို ထမင်းပူပူနှင့် အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:36
Rate this item
(2 votes)