Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


COVID-19 ရောဂါထိန်းချုပ်ရေးကာလအတွင်း ကြက်သားတစ်ပိသာ ကျပ် ၁,၈၀၀ အထိ ဈေးနှုန်းကျဆင်း

COVID-19 ရောဂါထိန်းချုပ်ရေးကာလအတွင်း ကြက်သားတစ်ပိသာ ကျပ် ၁,၈၀၀ အထိ ဈေးနှုန်းကျဆင်း Google

COVID-19 ရောဂါထိန်းချုပ်ရေးကာလအတွင်း ကြက်သားဝယ်လိုအားကျဆင်းမှုကြောင့် ကြက်ခြံဖမ်းဈေး

ကြက်သားတစ်ပိသာလျှင် ၅,၀၀၀ ကျပ် မှ ၁,၈၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းခဲ့သည်လို့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် မှ ဒေါက်တာခင်လှိုင်ထံမှ သိရသည်။

 

“COVID-19 ပထမလှိုင်းငြိမ်သွားတော့ ကြက်ဈေးတွေပြန်တက်တယ်။ အဲဒီမှာ ကြက်မွေးသူတွေ များလာတယ်။ ကြက်ခြံဖမ်းဈေး တစ်ပိသာ ကို ၅,၀၀၀ ကျပ်လောက်အထိ ဈေးတက်ခဲ့တယ်။ ဒုတိယလှိုင်းဖြစ်တယ်။ စားသောက်ဆိုင်တွေ ပိတ်တယ်။ အဲဒီမှာကြက်မွေးတဲ့သူများတော့ ဈေးတွေ က ဆက်တိုက်ကျတယ်’’ လို့  ဒေါက်တာခင်လှိုင်က ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံတွင် COVID-19 ရောဂါစတင်တွေ့ရှိသည့် မတ်လတွင် ကြက်သားဈေးနှုန်းများ ကျဆင်း၍ မွေးမြူရေးလုပ်ကိုင်သူ ၄၀ ရာခိုင်နှုန်းခန့်သာရှိတော့သည်။ သို့သော် COVID-19 ပထမလှိုင်းတည်ငြိမ်သွားချိန်တွင် ကြက်ခြံဖမ်းဈေး တစ်ပိသာ ၅,၀၀၀ ကျပ်အထိ ဈေးမြင့်လာသောကြောင့် မွေးမြူသူများလာချိန် တွင် COVID-19 ဒုတိယလှိုင်းစသည့်အတွက် ဈေးပြန်ကျသွားခဲ့ခြင်းဖြစ်သည်။

 

မြန်မာတစ်နိုင်ငံလုံးတွင် ကြက်မွေးမြူရေးလုပ်ငန်းကို နေရာစုံတွင် လုပ်ကိုင်နေကြပြီး အသားတိုးကြက်ကို ရန်ကုန်တိုင်းဒေသကြီး၌ အများဆုံးမွေးမြူကာ၊ မန္တလေးတိုင်းဒေသကြီး ၌ ဒုတိယအများဆုံး မွေးမြူကြသည်။ ရန်ကုန်ရှိ ရပ်ကွက်ဈေးများတွင် မွေးမြူရေးကြက်တစ်ပိသာလျှင် ကျပ် ၆၀၀၀ မှ ၄၀၀၀ ကျပ်အထိ ဈေးကျသွားခဲ့သည်ဟု သိရသည်။

 

By Myanmar Food Guide

xinhua

Read times
Rate this item
(0 votes)