Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဒန့်သလွန်သီးဟင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဒန့်သလွန်သီးပေါ်ချိန်ဖြစ်ပြီး

ချက်ရတာလွယ်ကူတဲ့ ဒန့်သလွန်သီးဟင်း ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဒန့်သလွန်သီး၊ ခရမ်းသီး၊ အာလူး၊ ရုံးပတေသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နံနံပင်၊ ဆား၊ ဆီ၊ ငံပြာရည်၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါတယ်။

 

ပထမဆုံး ဒန့်သလွန်သီးအခွံတွေကို ဓါးနဲ့ခြစ်၊ ရေဆေးပြီး အပိုင်းလေးတွေ ပိုင်းထားပါ။



ပြီးလျှင် ခရမ်းသီး၊ အာလူး၊ ရုံးပတေသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးနဲ့ နံနံပင်တို့ကို ရေဆေးပြီး အလျဉ်းသင့်သလို လှီးဖြတ်ထားပါ။

 

ပြီးနောက် ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အတုံးအသေးလေးတွေတုံးပြီး ငရုတ်သီးပါထည့်၍ ညက်အောင်ထောင်းထားပါ။

 

ဟင်းချက်ဖို့အတွက် အကုန် အဆင်သင့် ဖြစ်ပြီဆိုရင် ချက်မယ့်အိုးထဲကို အသီးတွေ အကုန်ထည့်၊ ကြက်သွန်ဖြူ၊ နီ ထောင်းထားတာထည့်၊ ဆီ၊ ငံပြာရည်၊ ဆား၊ ဟင်းခတ်မှုန့်ထည့်၊ ရေမြုပ်အောင်ထည့်ပြီး ဟင်းအိုးကို တည်ပေးထားပါ။



ဟင်းရည်ပွက်ရင် အရသာမြည်းပြီး လိုအပ်တာထပ်ဖြည့်ပါ။ ပြီးနောက် နံနံပင်ထည့် အဖုံးပြန်ပိတ်ပြီး လျှင် ဟင်းအိုးကို မီးခလုတ်ပိတ်ထားပါ။

 

ဟင်းအရည်ကို အချဉ် ကြိုက်တတ်ရင် မကျည်းမှည့်ရည်လေးထည့်၊ အနံ့မွှေးချင်ရင် မဆလာလေးထည့်လိုက်ရင် ဒန့်သလွန်သီး ဟင်းရည်ကို ငရုတ်သီးဆားထောင်လေးနှင့် တွဲဖက်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Monday, 17 September 2018 13:45
Rate this item
(1 Vote)