Myanmar
မန္တလေး ဟင်းသီးဟင်းရွက်နှင့် အသီး ဈေးနှုန်းအတက်အကျ အခြေအနေ
မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
1 6 2023
မန္တလေး သီရိမာလာဈေးတွင်
ခရမ်းချဉ်(ရှမ်းတောင်) ၂၀ ပိဿာ တစ်သေတ္တာလျှင် ၁၉၀၀၀ ကျပ် ၊
နောင်ချိုသီး တစ်သေတ္တာလျှင် ၁၄၀၀၀ ကျပ်ဖြင့်
မြို့တွင်းသုံးနှင့် မြစ်ကြီးနား ၊ လုံးခင်းသို့ တင်ပို့မှုရှိသည်။
ပြင်ဦးလွင်မှ ပန်းမုံလာ ၊ ဂေါ်ဖီထုပ်များ အဝင်နည်းခြင်းကြောင့် ပန်းမုံလာတစ်ပွင့်လျှင် ၁၂၀၀ ကျပ် ၊ ဂေါ်ဖီတစ်ထုပ် ၁၃၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ပြင်ဦးလွင်မှ မုံလာဥနီများ လှိုင်လှို်ငဝင်ရောက်ခြင်းကြောင့် တစ်ပိဿာလျှင် ၁၂၀၀ ကျပ် ၊ နောင်ချိုနှင့် မြေပြန့်ဒေသစုံမှ ပြောင်းဖူးများ ဝင်ရောက်ပြီး အရည်အသွေးပေါ်မူတည်၍ ၂၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်ဈေးဖြင့် မြို့တွင်းသုံး ဝယ်ယူမှုပုံမှန်ရှိနေသည်။
မုံရွာ ၊ ချောင်းဦး ၊ ရွှေဘိုတို့မှ ငရုတ်စိုများ ခူးဆွတ်မှုနည်း ၊ အပင်ကျချိန်ဖြစ်ခြင်းကြောင့် ငရုတ်စို(ရှည်) တစ်ပိဿာ ၅၅၀၀ ကျပ် ၊ (လတ်) တစ်ပိဿာ ၇၅၀၀ ကျပ်ဈေးထိရှိသည်။
သစ်သီးဝလံဈေးနှုန်းအနေဖြင့်
ပန်းသီးအိတ်စွပ် ၅၀လုံးပါ တစ်ခြင်းလျှင် ၆၂၀၀၀ ကျပ် ၊
ရမည်းသင်းမှ စပျစ်သီး တစ်ပိဿာ ၆၅၀၀ ကျပ် ၊
ဂျပန်နာနတ်တစ်လုံး ၄၀၀ ကျပ် ၊
ချောင်းဦးဘက်မှ ဖရဲသီးများ အရည်အသွေးပေါ်မူတည်၍ ၁၅၀၀ မှ ၄၀၀၀ ကျပ်
ဈေးနှုန်းအမျိုးမျိုးဖြင့် မြို့တွင်းသုံးနှင့် အမှာရှိသောမြို့များသို့ တင်ပို့မှုရှိသည်။
သခွားမွှေး လေးလုံးတစ်ဖာလျှင် အရည်အသွေးပေါ်မူတည်၍ ၁၀၀၀၀ ကျပ် မှ ၁၂၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။
Source MOALI
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



