Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲသီးနှင့် ရွှေဖရုံသီးကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အရသာ ချိုချိုမွှေးမွှေး ဆန်းဆန်းပြားပြားလေးဖြစ်အောင် ကြော်စားချင်သူများအတွက်

ပဲသီးနှင့် ရွှေဖရုံသီးရောကြော်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ရွှေဖရုံသီး၊ ပဲတောင့်ရှည်၊ ဆီ၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆားတို့ လိုအပ်ပါမယ်။

 

ပထမဆုံး ရွှေဖရုံသီးကို အခွံနွှာ၊ စေ့များထုတ်၍ အတုံးကလေးများဖြစ်အောင် ပိုင်းဖြတ်ထားပါ။ ပြီးလျှင် ပိုင်းဖြတ်ထားသော ရွှေဖရုံသီးကို ရေဆေးပြီး ရေစစ်ထားပါ။

 

ပြီးနောက် ပဲတောင့်ရှည်ကိုလည်း ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ။

 

ကြက်သွန်နီကို အခွံခွာပြီး ခပ်ပါးပါး လှီးထားပါ။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ကိုထည့်၍ အပူပေးပြီး ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းရုံလေးကြော်ပေးပြီးမှ ရွှေဖရုံသီး ဆားနှင့် ဟင်းခတ်မှုန့်တို့ထည့်၍ မွှေပေးပါ။

 

အကုန်လုံး သမသွားအောင် မွှေပြီးတာနဲ့ ရွှေဖရုံသီးကို နွမ်းသွားအောင် အဖုံးအုပ်၍ ခဏတည်ထားလိုက်ပါ။ ရွှေဖရုံသီးများ အိုးမကပ်စေရန် အိုးကိုလှုပ်လှုပ်ပေးပါ။

 

ရွှေဖရုံသီး အားလုံးနွမ်းတာနဲ့ ဘေးကို ခဏတွန်းထားပြီး ပဲသီးကို ထည့်ပေးပါ။ ပဲသီးထည့်ပြီးတာနဲ့ ရွှေဖရုံသီးကို သမအောင်ရောမွှေပေးပါ။

 

နှစ်ခုလုံးရောမွှေပြီးတာနဲ့ ပဲသီးနှင့် ရွှေဖရုံသီး ချိုချို မွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ အသင့် သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:44
Rate this item
(2 votes)