Myanmar



မန္တလေးဈေးကွက် ဆန်ပွဲရုံများတွင် ဆန်ဈေးနှုန်း အတက်အကျ အခြေအနေ

မန္တလေးဈေးကွက် ဆန်ပွဲရုံများတွင်   ဆန်ဈေးနှုန်း  အတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

23 3 2023

 

မန္တလေးဈေးကွက် ဆန်ပွဲရုံများတွင်

.

ရန်ကုန်ပေါ်ဆန်းမှာ အဝင်နည်းခြင်း ၊ စားသုံးရန် ဝယ်ယူမှုများခြင်းကြောင့် တစ်အိတ် ၇၅၀၀၀ ကျပ် ၊ ရွှေဘိုပေါ်ဆန်းမှာလည်း ရွှေဘိုဒေသတစ်ခုထဲမှ ထွက်ရှိသော ဆန်ဖြစ်၍ အဝင်နည်းခြင်း ၊ လှောင်သမားထံမှ ဝယ်ရခြင်း ၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် ယခင်အပတ် တစ်အိတ် ၇၇၀၀၀ ကျပ် မှ ၈၀၀၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။

.

မနောသုခဆန်မှာ မန္တလေးဝန်းကျင်ဒေသများမှ ထွက်ရှိသောဆန်ဖြစ်ခြင်း ၊ စိုက်ပျိုးရန် ပြင်ဆင်စဖြစ်ခြင်း ၊ အများသုံးဆန်ဖြစ်ခြင်းကြောင့် တစ်အိတ် ၆၂၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။.

.

ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှတစ်ဆင့် ဝင်ရောက်သောဆန်ဖြစ်ခြင်းကြောင့် ပင်ရင်းဈေးနိမ့်သဖြင့် ယခင်အပတ် ၆၂၀၀၀ ကျပ် မှ ယခုအပတ် ၅၈၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။

ငစိန်ဆန်မှာ ရန်ကုန်ဈေးကွက်မှ တစ်ဆင့် ဝင်ရောက်သဖြင့် ဈေးမသိမသာနိမ့်ခြင်း ၊ မုန့်လုပ်ငန်းသမား အဝယ်နည်းခြင်း ၊ မိုးမိတ် ၊ ကွပ်ခိုင် နှင့် မန္တလေးဝန်းကျင် မြို့များမှ အမှာနည်းခြင်းကြောင့် ၅၈၀၀၀ ကျပ် မှ ၅၄၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

.

ဧရာမင်းဆန်မှာ စိုက်ဧကနည်း ၊ အထွက်နည်း ၊ အဝင်နည်းခြင်း ၊ မြို့တွင်းစားသုံးမှုများလာခြင်းကြောင့် အဟောင်းတစ်အိတ် ၈၂၀၀၀ ကျပ် ၊ အသစ်တစ်အိတ် အရည်အသွေးပေါ်မူတည်၍ ၇၀၀၀၀ ကျပ် မှ ၇၈၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။ယခုအပတ်တွင် မြို့တွင်းသုံးသာ ဝယ်ယူမှုများပြီး နယ်ဝေးတင်ပို့ရမှုနည်းသည်။

 

Source:Market Information Service- DOP- MOALI
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Thursday, 23 March 2023 15:13
Rate this item
(0 votes)