Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်ဟင်းခါးသီး ၀က်သားအဆာသွပ်ဟင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ၀က်သားချည်းပဲ ချက်စားရတာရိုးနေသူများအတွက်

ကြက်ဟင်းခါးသီး ၀က်သားအဆာသွပ်ဟင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ၀က်သား၊ ပဲကြာဇံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ငံပြာရည်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ၀က်သားကို ရေဆေးသန့်စင်ပြီး တောက်တောက်စင်းထားပါ။ ပြီးလျှင် ပဲကြာဇံကို ရေစိမ်၍ နူးသွားအောင်ပြုလုပ်ပြီး ပိုင်းဖြတ်ထားပါ။

 

ပြီးနောက် ၀က်သားတောက်တောက်စင်းထားတဲ့အထဲကို ပိုင်းဖြတ်ထားတဲ့ ပဲကြာဇံထည့်၊ ဆား၊ ငံပြာရည်ထည့်၍ ရောမွှေပြီး နယ်ထားပါ။

 

ကြက်ဟင်းခါးသီးကို အပိုင်းလေးတွေပိုင်းပြီး အထဲက အစေ့လေးတွေထုတ်ထားပါ။ ပြီးလျှင် ကြက်သွန်ဖြူကို အခွံနွှာပြီး ဓားပြားရိုက်ထားပါ။

 

ပြီးနောက် ကြက်ဟင်းခါးသီး အပိုင်းလေးတွေထဲကို ဝက်သားအစာသွပ်လိုက်ပါ။

 

ဒယ်အိုးထဲသို့ဆီထည့်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူ ဆီသတ်ပါ။ ပြီးလျှင် ကြက်ဟင်းခါးသီးထည့်၊ ရေ မြုပ်အောင်ထည့်ပြီး တည်ထားပါ။

 

ရေပွက်လာရင် ကြက်ဟင်းခါးသီးကို ဟိုဘက်၊ ဒီဘက်လှန်ပြီး ထပ်တည်ထားပါ။

 

ကြက်ဟင်းခါးသီးမနူးသေးရင် ရေကို ထပ်ထည့်ပါ။ ကြက်ဟင်းခါးသီးနူးရင်တော့ ၀က်သားအဆာသွပ်ဟင်းကို အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:44
Rate this item
(1 Vote)